Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:4

Judson Bible

ထို​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သော သူ​တို့​သည် လှည့်​လည်၍ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။-

ငါ​တို့​တွင် ထင်​ရှား​စွာ​ဖြစ်​လေ​ပြီး​သော အ​တ္ထု​ပ္ပ​တ္တိ​များ​ကို ငါ​တို့​အား​ကြား​ပြော​သည် အ​စဉ်​အ​တိုင်း မှတ်​သား​သော​စာ​ကို စီ​ရင်​ရေး​ထား​သော​သူ အ​များ​ရှိ​ကြ​သည် ဖြစ်၍၊-

ထို​မှ​တစ်​ပါး၊ သ​တေ​ဖန်၏​အ​မှု​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​သော​သူ​တို့​သည် ဖိ​နိတ်၊ ကု​ပ​ရု၊ အ​န္တိ​အုတ်​မြို့​များ​သို့ တိုင်​အောင်​သွား၍၊ ယု​ဒ လူ​တို့​အား​သာ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။-

ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည်​လည်း အ​န္တိ​အုတ်​မြို့၌ နေ​လျက်၊ အ​ခြား​သော​သူ​များ​တို့​နှင့်​တ​ကွ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ပြင်း​စွာ​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့၌ အ​နှံ့​အ​ပြား ကွဲ​ပြား​ကြ၏။-

ဖိ​လိ​ပ္ပု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်နှင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ ထို​သူ​တို့​သည် ယုံ​ကြည်​သော​အ​ခါ၊ ယောက်ျား​မိန်း​မ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-

သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့၌ ဆင်း​ရဲ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကြီး​စွာ​သော တိုက်​လှန်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ရဲ​ရင့်​စွာ​ဟော​ပြော​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ