ရထားကိုရပ်စေခြင်းငှာ စီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။-
ငါသည် နောင်တအဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။
မိမိတို့အပြစ်များကို ဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။
ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ။-
ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည်ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊-
ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တစ်ဖန် မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။-