Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:20

Judson Bible

ပေ​တ​ရု​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ငွေ​နှင့်​ဝယ်​ယူ​မည်​ဟု အ​ကြံ​ရှိ​သော​ကြောင့်၊ သင်​နှင့်​တ​ကွ သင်၏​ငွေ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ၏ အ​ကြံ​အ​စည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စင်​ကြယ်​သော​သူ၏ စ​ကား​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

အို ရေ​ငတ်​သော​သူ အ​ပေါင်း​တို့၊ ရေ​ရှိ​ရာ​သို့ လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ​တို့၊ လာ​ကြ။ ဝယ်၍ စား​သောက်​ကြ​လော့။ ငွေ​မ​ပါ​ဘဲ၊ အ​ဖိုး​ကို​မ​ပေး​ဘဲ​လာ၍ စ​ပျစ်​ရည်​နှင့် နို့​ကို ဝယ်​ကြ​လော့။

ဒံ​ယေ​လ​က​လည်း၊ ဆု​တော်​လာဘ်​တော်​ကို ကိုယ်​တော်၌ ရှိ​စေ​တော်​မူ​ပါ။ ပေး​လို​သော​အ​ရာ​များ​ကို အ​ခြား​သူ​အား ပေး​သ​နား​တော်​မူ​ပါ။ သို့​သော်​လည်း၊ ရှေ့​တော်၌ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို​ဖော်​ပြ​ပါ​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

နာ​သော​သူ​တို့​အား ချမ်း​သာ​ပေး​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ နူ​သော​သူ​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ နတ်​ဆိုး​တို့​ကို​လည်း နှင်​ထုတ်​ကြ​လော့။ သင်​တို့​သည် အ​ဖိုး​မ​ပေး​ဘဲ ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​ပြီ​ဖြစ်၍ အ​ဖိုး​မ​ခံ​ဘဲ ပေး​ကမ်း​ကြ​လော့။-

မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-

ထို​သူ​သည် မ​တ​ရား​သော​အ​မှု​အ​တွက်​ဖြင့် ရ​သော​အ​ခ​နှင့် မြေ​တစ်​ကွက်​ကို​ဝယ်​ပြီး​မှ၊ မှောက်​လျက်​ကျ​လဲ၍ ဝမ်း​ကွဲ​သ​ဖြင့် အ​အူ​များ​ပေါက်​လေ​ပြီ။-

တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို သွန်း​လောင်း​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တည်း​ဟူ​သော ပေ​တ​ရု​နှင့် ပါ​သ​မျှ​သော တ​ပည့်​တော်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ​ကြ၏။-

သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​ငါ​တို့​အား ဘု​ရား​သ​ခင်​သည် ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့​အား​လည်း ပေး​တော်​မူ​သည်​ဖြစ်​သော​ကြောင့်၊ ငါ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်​ကို ဆီး​တား​နိုင်​သ​နည်း​ဟု ပေ​တ​ရု​ဆို၏။-

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

အ​ကျွန်ုပ်၏ လက်​တင်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​စေ​မည်​အ​ကြောင်း အ​ကျွန်ုပ်​အား အ​ခွင့်​ပေး​ပါ​ဟု တောင်း​သော်၊-

ထို​ကြောင့် သင်၌ ယ​ခု​ဆိုး​ညစ်​သော​အ​မှု​ကို နောင်​တ​ရ​လော့။ သင်၏​စိတ်​နှ​လုံး၌ ကြံ​စည်​ခြင်း​အ​ပြစ်​ကို လွှတ်​ကောင်း​လွှတ်​လိမ့်​မည် ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို တောင်း​ပန်​လော့။-

သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။

စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင့်​အိမ်​ထဲ​သို့​မ​သွင်း​ရ။ သွင်း​လျှင်၊ သင်​သည် ထို​အ​ရာ​ကဲ့​သို့ ကျိန်​အပ်​သော​အ​ရာ​ဖြစ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ ထို​သို့​သော​အ​ရာ​ကို သင်​သည် အ​ကြွင်း​မဲ့​စက်​ဆုပ်​ရွံ​ရှာ​ရ​မည်။ ကျိန်​အပ်​သော​အ​ရာ​ပင် ဖြစ်​ပေ၏။

ငွေ​ရ​တတ်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း၊ ဖမ်း​မိ​ခြင်း၊ မိုက်​မဲ​ဖျက်​ဆီး​တတ်​သော တပ်​မက်​ခြင်း​များ​ထဲ​သို့ ကျ​ရောက်​တတ်​ကြ၏။ ထို​သို့​သော​အား​ဖြင့် လူ​တို့​သည် အ​ကျိုး​နည်း​ခြင်း၊ ပျက်​စီး​ခြင်း၌ နစ်​မွန်း​တတ်​ကြ၏။-

ရွှေ​ငွေ​လည်း အ​ချေး​တက်၍ ပျက်​ကုန်​ပြီ။ ထို​အ​ချေး​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်၍၊ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို စား​လိမ့်​မည်။ နောက်​ဆုံး​သော နေ့​ရက်​ကာ​လ​အ​ဖို့ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​ပြီ​တ​ကား၊-

သူ့​ကို​အ​မှီ​ပြု၍ ထို​အ​ရာ​များ​ကို ရောင်း​ဝယ်​သ​ဖြင့်၊ ငွေ​ရ​တတ်​သော ကုန်​သည်​တို့​သည် သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ