Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:2

Judson Bible

တ​ရား​ကို​ရို​သေ​သော​သူ​တို့​သည် သ​တေ​ဖန်​ကို သင်္ဂြိုဟ်၍ ပြင်း​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​ပြည်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယ​သာ​ဘ​မြို့၌ သေ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း စာ​ရာ​ကြောင့် ညည်း​တွား​ငို​ကြွေး​ခြင်း​ငှာ​လာ၏။

ထို​သို့​လျှင်​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည် ယော​သပ်​နှင့်​တ​ကွ​လိုက်​သွား​ကြ၏။

ဒါ​ဝိဒ်​က​လည်း၊ ယွာ​ဘ​နှင့် မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အာ​ဗ​နာ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ​လော့​ဟု အ​မိန့်​တော်​ရှိ၍ ကိုယ်​တော်​တိုင် မ​သာ​လိုက်​လေ၏။

ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်၏​သား​တော် မြေး​တော်​တို့ သင်္ချိုင်း​တွင် အ​မြတ်​ဆုံး​သော​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ပြု​လေ၏။ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည်၊ ဟေ​ဇ​ကိ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ ဂုဏ်​အ​သ​ရေ​တော်​ကို ချီး​မြှောက်​ကြ၏။ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ယေ​ရ​မိ​သည်​လည်း မြည်​တမ်း​သော​စ​ကား​ကို စီ​ရင်၍ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ရှိ​သ​မျှ​တို့​သည်၊ ယ​နေ့​တိုင်​အောင် ယော​ရှိ​မင်း​ကို အောက်​မေ့​လျက်၊ ထို​မြည်​တမ်း​သော​စ​ကား​ကို သုံး​ဆောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ထုံး​စံ ဖြစ်​လေ၏။ ထို​စ​ကား​သည် မြည်​တမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။

သေ​သော​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ အ​ခြား​တစ်​ပါး​သို့ သွား​သော​သူ​အ​တွက် ငို​ကြွေး​ခြင်း​ကို ပြု​ကြ​လော့။ သူ​သည် နောက်​တစ်​ဖန် ပြန်၍​မ​လာ​ရ။ မိ​မိ​မွေး​ဖွား​ရာ​ဌာ​န​ကို မ​မြင်​ရ။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား ယော​ယ​ကိမ်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သေ​သော​အ​ခါ လူ​များ​တို့​က၊ ဩ ငါ့​အစ်​ကို၊ ဩ ငါ့​နှ​မ​ဟူ၍ မ​ငို​ကြွေး​ရ​ကြ။ သူ၏​အ​တွက်​လည်း၊ ဩ သ​ခင်၊ ဩ အ​ရှင်​မ၏​ဘုန်း​ဟူ၍ မ​မြည်​တမ်း​ရ​ကြ။

အာ​ရုန်​သည် အ​နိ​စ္စ​ရောက်​ကြောင်း​ကို ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​မြင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည်၊ အာ​ရုန်​အ​တွက် အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း ကြား​သော​အ​ခါ လာ၍​အ​လောင်း​ကို ဆောင်​သွား​ပြီး​လျှင် သင်္ချိုင်း​တွင်း၌ ထား​ကြ၏။

ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊-

ထို​သူ​သည် မိ​မိ​အိမ်​တွင်​ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​ရှိ​သ​ဖြင့် လူ​တို့​အား များ​စွာ​သော စွန့်​ကြဲ​ခြင်း​ကို​ပြု၍ ဘု​ရား​သ​ခင်​ကို အ​စဉ်​ဆု​တောင်း​လေ့​ရှိ၏။-

ထို​ကာ​လ​အ​ခါ၊ ကောင်း​ကင်​အောက်​တွင် ရှိ​လေ​သ​မျှ​သော​လူ​မျိုး​ထဲ​က ဘု​ရား​ကို​ရို​သေ​သော ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ တည်း​နေ​ကြ​သ​တည်း။-

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ပြင်း​စွာ​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့၌ အ​နှံ့​အ​ပြား ကွဲ​ပြား​ကြ၏။-

ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​ကို​အောက်​မေ့၍၊ မော​ဘ​လွင်​ပြင်၌ အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

ထို​ကာ​လ၌ ရှ​မွေ​လ​မ​ရှိ၊ သေ​လွန်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​လျက်၊ သူ့​ကို သူ​နေ​ရင်း​ရာ​မ​မြို့၌ သင်္ဂြိုဟ်​ကြ​ပြီ။ ရှော​လု​သည် စုန်း​နှင့် နတ်​ဝင်​အ​ပေါင်း​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ပယ်​ရှင်း​နှင့်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ