Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:12

Judson Bible

ဖိ​လိ​ပ္ပု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်နှင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ ထို​သူ​တို့​သည် ယုံ​ကြည်​သော​အ​ခါ၊ ယောက်ျား​မိန်း​မ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​နာ​တို့​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း စေ​လွှတ်​တော်​မူ၍၊-

ယေ​ရှု​က၊ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ။ သင်​မူ​ကား​သွား၍ ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ အ​ကြောင်း​ကို ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။-

အ​သေ​ခံ​တော်​မူ​ပြီး​လျှင်၊ တ​မန်​တော်​တို့​အား အ​ရက်​လေး​ဆယ်​ပတ်​လုံး ကိုယ်​ကို​ပြ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​စပ်​ဆိုင်​သော​အ​ရာ​တို့​ကို မိန့်​မြွက်​တော်​မူ​လျက်၊ မိ​မိ​အ​သက်​ရှင်​သည်​အ​ကြောင်း​ကို ခိုင်​ခံ့​သော သက်​သေ​အ​များ​အား​ဖြင့် ပြ​တော်​မူ၏။-

နောက်​မှ ထို​သူ​အ​ချို့​တို့​သည် ကု​ပ​ရု​ပြည်​သား၊ ကု​ရေ​နေ​ပြည်​သား​ဖြစ်၍ အ​န္တိ​အုတ်​သို့​သွား​ပြီး​လျှင်၊ သ​ခင်​ယေ​ရှု၏ အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟေ​လေ​နစ်​လူ​တို့​အား ဟော​ပြော​ကြ၏။-

က​ရိ​ပ္ပု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် မိ​မိ​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​လေ၏။ ကော​ရိ​န္သု​ပြည်​သား အ​များ​တို့​သည်​လည်း ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။

ဟူ​သော​စ​ကား​ကို ကြား​လျှင်၊ ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။-

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။

ယ​ခု​မူ​ကား၊ ငါ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​ရာ၊ သင်​တို့​ရှိ​သ​မျှ​သည် နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု​ငါ​သိ၏။-

အ​ဘယ်​သူ​မျှ​မ​မြစ်​တား​ဘဲ၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို အ​တည့်​အ​လင်း​ဟော​ပြော၍၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ကြောင်း​များ​ကို သွန်​သင်​ပြ​သ​လျက်​နေ၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​ထား​သော​တ​မန်​တော်​ဝ​တ္ထု​ပြီး၏။

သ​ခင်​ဘု​ရား၌​ယုံ​ကြည်​သော ယောက်ျား၊ မိန်း​မ၊ အ​ပေါင်း​တို့​သည် သင်း​ဝင်​ကြ၏။-

ထို​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သော သူ​တို့​သည် လှည့်​လည်၍ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။-

သို့​သော်​လည်း သ​ခင်​ဘု​ရား၌ ယောက်ျား​မ​ပါ​ဘဲ မိန်း​မ​ဖြစ်​သည်​မ​ဟုတ်။ မိန်း​မ မ​ပါ​ဘဲ ယောက်ျား​ဖြစ်​သည် မ​ဟုတ်။-

ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-

ထို​သို့​သော ဥ​ပ​မာ​အ​တိုင်း၊ ယ​ခု​တွင် ဗ​တ္တိ​ဇံ​သည် ယေ​ရှု​ခ​ရစ် ထ​မြောက်​တော်​မူ​သော​အား​ဖြင့်၊ ငါ​တို့​ကို ကယ်​တင်​တတ်၏။ ဗ​တ္တိ​ဇံ​ဟု​ဆို​သော်၊ ကိုယ်​ကာ​ယ၏ အ​ညစ်​အ​ကြေး ဆေး​ကြော​ခြင်း​ကို မ​ဆို​လို။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်၍၊ ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ခြင်း​ကို ဆို​လို​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ