တမန်တော်ဝတ္ထု 7:5Judson Bibleဤပြည်၌ ခြေနင်းရာကိုမျှ အမွေပေးတော်မမူသော်လည်း၊ သူမှစ၍ သူ၏သားမြေးတို့အား ဤပြည်ကို အပိုင်ပေးတော်မူမည်ဟု သားတစ်ယောက်မျှမရှိမီ ကတိထားတော်မူ၏။- အခန်းကိုကြည့်ပါ။ |
သင်ပြုသောကုသိုလ်ကြောင့်လည်းကောင်း၊ ဖြောင့်မတ်သော သဘောကြောင့်လည်းကောင်း၊ ထိုပြည်ကိုသွား၍ ဝင်စားရမည်မဟုတ်။ ထိုလူမျိုးတို့၏မကောင်းမှုကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောစကားတော်ကို တည်စေလိုသောငှာလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်ရှေ့မှနှင်ထုတ်တော်မူ၏။