Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 7:49

Judson Bible

မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ​ဖြစ်၏။ အ​ဘယ်​သို့​သော​ဗိ​မာန်​ကို ငါ့​အ​ဖို့ တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ့​ကျိန်း​ဝပ်​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။- ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​ချက်​ကို ပ​ရော​ဖက်​ပြန်​ကြား​သည်​နှင့်​အ​ညီ၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ​တို့​လက်​ဖြင့်​လုပ်​သော ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင် ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက် လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။

သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ ဧ​ကန်​အ​မှန်​ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အထွတ်​အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​ပါ​သ​နည်း။

သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​တို့​တွင် ဧ​ကန်​အ​မှန် ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အ​ထွတ်၊ အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ ရှိ​ပါ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ဗိ​မာန်​တော်၌ ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​တော်​သည် ကောင်း​ကင်​ပေါ်​မှာ​တည်၏။ မျက်​စိ​တော်​သည် ကြည့်​ရှု၍ မျက်​ခမ်း​တော်​သည် လူ​သား​တို့​ကို​စစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။ မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ ဖြစ်၏။ အ​ဘယ်​သို့​သော ဗိ​မာန်​ကို ငါ့​အ​ဖို့​တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ​ကျိန်း​ဝပ်​ရာ​အ​ရပ် ဖြစ်​မည်​နည်း။

ငါ​မ​မြင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ပုန်း​ရှောင်၍ နေ​နိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။ ငါ​သည် ကောင်း​ကင်​မြေ​ကြီး​ကို နှံ့​ပြား​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။

နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍ ကျိန်​ဆို​လျှင်၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ကို​လည်း​ကောင်း၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ​ကို​လည်း​ကောင်း တိုင်​တည်၍​ကျိန်​ဆို​သ​တည်း။-

ယေ​ရှု​က​လည်း၊ ဤ​အ​ရာ​အ​လုံး​စုံ​ကို သင်​တို့​သည် မြင်​ကြ​သည်​မ​ဟုတ်​လော။ ငါ​အ​မှန်​ဆို​သည်​ကား၊ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ​မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က၊ အ​ချင်း​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​သို့ မ​လာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​မ​သွား​ဘဲ ခ​မည်း​တော်​ကို​ကိုး​ကွယ်​ရ​မည် အ​ချိန်​ကာ​လ ရောက်​ဆဲ​ရှိ၏။-

ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ