တမန်တော်ဝတ္ထု 7:43Judson Bibleသင်တို့သည် မောလုပ်၏တဲနှင့် သင်တို့ဘုရား ရင်ဖန်၏ကြယ်တည်းဟူသော ကိုးကွယ်ဖို့ရာ မိမိတို့လုပ်သောပုံတို့ကို ဆောင်ရွက်ကြပြီ တကား။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တစ်ဖက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်းကင်တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှာ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သားသမီးတို့ကို မောလုပ်ဘုရားအားပူဇော်ခြင်းငှာ၊ ဟိန္နုံသား၏ချိုင့်၌ရှိသော ဗာလဘုရား၏ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ်သော အမှုကို ငါမမှာထား၊ ငါအလျှင်းအလိုမရှိဘဲ ပြုကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။