Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 7:38

Judson Bible

ထို​သူ​သည် တော​တွင်​ရှိ​သော အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ သိ​နာ​တောင်​ပေါ်​မှာ သူ့​ကို​နှုတ်​ဆက်​သော ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း၊ ငါ​တို့​အ​ဘ​များ​နှင့်​လည်း​ကောင်း ရှိ၏။ ထို​သူ​သည် ငါ​တို့​အား အပ်​ပေး​ခြင်း​ငှာ အ​သက်​ရှင်​စေ​သော ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

ဝိ​ညာဉ်​သာ​လျှင် အ​သက်​ရှင်​စေ၏။ ကိုယ်​ကာ​ယ​သည် အ​လျှင်း​မ​တတ်​နိုင်။ ငါ​ပြော​သော​စ​ကား​သည် ဝိ​ညာဉ်​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။-

အ​နှစ်​လေး​ဆယ်​လွန်​သော​အ​ခါ၊ သိ​နာ​တောင် ခြေ​ရင်း​တော​တွင်၊ မီး​လောင်​သော​ချုံ​၌ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် ထင်​ရှား၏။-

အ​ဘယ်​သူ​သည် သင့်​ကို အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း​ဟူ၍ အ​ငြင်း​အ​ပယ်​ခံ​ရ​သော ထို​မော​ရှေ​ကို အ​ကဲ​အ​မှူး၊ ကယ်​လွှတ်​သော​သူ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ချုံ​၌​ထင်​ရှား​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် စေ​ခန့်​တော်​မူ၏။-

သင်​တို့​သည် ကောင်း​ကင်​တ​မန်​များ ခင်း​ကျင်း​သော​အား​ဖြင့် ပ​ညတ်​တ​ရား​တော်​ကို ခံ​ရ​သော်​လည်း မ​စောင့်​မ​ရှောက်​ကြ​ဟု သ​တေ​ဖန် မြွက်​ဆို၏။

အ​ထွေ​ထွေ​သော အ​ကျိုး​များ​စွာ​ရှိ၏။ ထူး​မြတ်​သော အ​ကျိုး​ဟူ​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော ယု​ဒ​တို့​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​များ​ကို ခံ​ရ​ကြ၏။-

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​ဖြစ်၍၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​နှင့်​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​နှင့်​လည်း​ကောင်း၊ ပ​ဋိ​ညာဉ်​တ​ရား​တို့​နှင့်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ထား​ခြင်း​နှင့်​လည်း​ကောင်း၊ ဝတ်​ပြု​ခြင်း​နှင့်​လည်း​ကောင်း၊ က​တိ​တော်​တို့​နှင့်​လည်း​ကောင်း၊ ဆိုင်​ကြ၏။-

သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း ဟူ​မူ​ကား၊ က​တိ​တော်​ကို​ခံ​သော အ​မျိုး​အ​နွယ် မ​ဖြစ်​မီ​တိုင်​အောင်၊ ဒု​စ​ရိုက်​များ​ကြောင့် ထို​တ​ရား​ကို ထပ်၍ ပေး​တော်​မူ၏။ ထို​တ​ရား​ကို ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် အာ​မ​ခံ၏ လက်၌​ထား​တော်​မူ၏။-

ယာ​ကုပ်​အ​မျိုး ပ​ရိ​သတ်​အ​မွေ​ခံ​ရ​သော​ဓ​မ္မ​တ​ရား​ကို မော​ရှေ​သည် ငါ​တို့​အား​ထား၏။

ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော်​သည်​တည်၍ ပြစ်​မှား​လွန်​ကျူး​ခြင်း​အ​မှု အ​မျိုး​မျိုး​တို့​သည် ခံ​ထိုက်​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​သည်​မှန်​လျှင်၊-

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။-

သင်​တို့​သည် ကာ​လ​ကြာ​သော​ကြောင့် ဆ​ရာ​အ​ဖြစ်​သို့ ရောက်​သင့်​သော်​လည်း၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်၌ ရှေ့​ဦး​စွာ သင်​ရ​သော​တ​ရား​နု​တို့​ကို သူ​တစ်​ပါး​ထံ၌ တစ်​ဖန် သင်​ရ​သော အ​ကြောင်း​ရှိ​သည်​ဖြစ်၍၊ ကြေ​ခဲ​သော​အ​စာ​ကို မ​သုံး​ဆောင်၊ နို့​ကို​သာ သုံး​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။-

ဘု​ရား​သ​ခင်​သည် အ​ရာ​ရာ၌ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​စေ​မည်​အ​ကြောင်း၊ ဟော​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဟော​ပြော​စေ။ အ​ခြား​သော​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည်၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​စွမ်း​သ​တ္တိ​အ​တိုင်း ဆောင်​ရွက်​စေ။ ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ