Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 6:8

Judson Bible

သ​တေ​ဖန်​သည် ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သ​ဖြင့်၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ​ပြု​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​မြင်​ရ​လျှင် ယုံ​ခြင်း​မ​ရှိ​ကြ​ဟု မိန့်​တော်​မူ​သော်၊-

သူ​ဟော​ပြော၍ သုံး​စွဲ​သော​ပ​ညာ​နှင့် ဝိ​ညာဉ်​တော်​ကို မ​ခံ​မ​ဆီး​နိုင်​ကြ။-

လွှတ်​တော်၌ ထိုင်​လျက်​ရှိ​သော​သူ အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​စေ့​စေ့​ကြည့်​ရှု​လျှင်၊ သူ၏​မျက်​နှာ​သည် ကောင်း​ကင်​တ​မန်၏​မျက်​နှာ​ကဲ့​သို့ ဖြစ်​သည်​ဟု ထင်​မှတ်​ကြ၏။

ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက်၊ အ​သ​ရေ​ရှိ​သော လူ​ခု​နစ်​ယောက်​တို့​ကို သင်​တို့​တွင် ရှာ​ကြ​လော့။ ဤ​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ငါ​တို့​သည် ခန့်​ထား​ကြ​မည်။-

ထို​စ​ကား​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော သ​တေ​ဖန်​မှ​စ၍ ဖိ​လိ​ပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န၊ ယု​ဒ​ဘာ​သာ​ဝင်​သော အ​န္တိ​အုတ်​မြို့​သား နိ​ကော​လ​တို့​ကို ရွေး​ကောက်၍၊-

သူ​သည်​လည်း သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်၍ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ယေ​ရှု​ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျှင်၊-

လူ​အ​စု​အ​ဝေး​တို့​သည်​ကြား၍ ဖိ​လိ​ပ္ပု​ပြု​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​အ​ခါ၊ သူ၏​စ​ကား​ကို တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ၏။-

ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊-

အ​ကြောင်း​မူ​ကား၊ သင်း​ထောက်​အ​မှု​ကို ကောင်း​စွာ​ရွက်​ဆောင်​သော သူ​တို့​သည် မိ​မိ​တို့​အ​ဖို့ ကောင်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ယုံ​ကြည်​ခြင်း၌ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို​လည်း​ကောင်း အ​မြတ်​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ