ငါတို့မူကား၊ ဆုတောင်းပတ္ထနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။-
ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလ ကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့ သွားလေ၏။-
ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်လည်းကောင်း၊ ညီတော်တို့နှင့်လည်းကောင်း၊ တညီတညွတ်တည်း ကြိုးစား၍ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။
ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပတ္ထနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။
ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏။-
ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။-
သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဖူးသောသူ ရှိသမျှတို့သည်၊-
သင်တို့အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဖို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။-
အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံခြင်းငှာ သတိပြုပါဟု ပြောကြလော့။
နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။-