ထိုအခါ တစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုထား၍ စားပွဲ၌လုပ်ကျွေးမှုကို မဆောင်သင့်။-
ငါကလည်း၊ ငါသည် ကြီးသောအမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော၏။
သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်းတို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။-
အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည်ထင်ပါသည် ဟုဆို၏။
ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကိုနားထောင်သည်ထက် သင်တို့၏စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။-
ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော်၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။-
ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့်လည်းကောင်း ပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှာ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။-
စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှာ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။-