တမန်တော်ဝတ္ထု 6:14Judson Bibleထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာနတော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။- အခန်းကိုကြည့်ပါ။ |
ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မောရရှရွာသား မိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။
ထိုသီတင်း ခြောက်ဆယ်နှစ်သီတင်းလွန်ပြီးမှ ခရစ်တော် သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှလာသော သခင်၏လူတို့သည် မြို့တော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနကိုလည်းကောင်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌ အပြစ်ဖြေစရာစကားကို ယနေ့ပြောရမည် အကြောင်းကိုလည်းကောင်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကို လေ့ကျက်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိသည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့် သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။
သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့လက်သို့ အပ်လိုက်ကြ၏။-