Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 6:10

Judson Bible

သူ​ဟော​ပြော၍ သုံး​စွဲ​သော​ပ​ညာ​နှင့် ဝိ​ညာဉ်​တော်​ကို မ​ခံ​မ​ဆီး​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ပြော​စ​ရာ​စ​ကား​နှင့် ပြည့်​ဝ၏။ အ​တွင်း​ဝိ​ညာဉ်​နှိုး​ဆော်​ခြင်း​ကို ခံ​ရ၏။

သို့​ရာ​တွင် လူ​ထဲ၌​ဝိ​ညာဉ်​ရှိ၏။ ဘု​ရား​သ​ခင် အ​သက်​ရှင်​စေ​တော်​မူ​သ​ဖြင့် ဉာဏ်​ရှိ၏။

သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။

သင့်​တစ်​ဖက်၌ လုပ်​သော​လက်​နက်​တစ်​စုံ​တစ်​ခု​မျှ အ​ထ​မ​မြောက်​ရ။ သင့်​ကို တ​ရား​တွေ့​သော​သူ မည်​သည်​ကား၊ အ​ရှုံး​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​တို့​သည် ထို​သို့​သော အ​မွေ​ကို​ခံ​ရ၍၊ ငါ့​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည်​လည်း သင့်​ကို ဤ​လူ​မျိုး​တစ်​ဖက်၌ ခိုင်​ခံ့​သော​ကြေး​ဝါ​မြို့​ရိုး ဖြစ်​စေ​မည်။ သူ​တို့​သည် သင့်​ကို​တိုက်၍ မ​နိုင်​ရ​ကြ။ ငါ​သည် သင့်​ကို နုတ်​ယူ​ကယ်​တင်​ခြင်း​ငှာ သင့်​ဘက်၌​နေ​မည်။

သို့​ရာ​တွင် သင့်​အား​ငါ​ပြော​သော​အ​ခါ သင့်​နှုတ်​ကို ငါ​ဖွင့်​မည်။ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏​ဟု သူ​တို့​အား ဟော​ပြော​ရ​မည်။ နား​ထောင်​သော​သူ​သည် နား​ထောင်​စေ၊ နား​မ​ထောင်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​စေ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ငါ​မူ​ကား၊ ယာ​ကုပ်​အ​မျိုး လွန်​ကျူး​ခြင်း၊ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​ခြင်း​ကို သူ​တို့​အား ဖော်​ပြ​နိုင်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ရှိန်​တန်​ခိုး၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။

အ​ဘ​တို့​နှင့် သား​တို့​ကို အ​သင့်​အ​တင့် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ဆန်​သော​သူ​တို့​ကို သူ​တော်​ကောင်း​တို့၏ သ​တိ​ပ​ညာ​လမ်း​သို့ ပြောင်း​လဲ​စေ​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်​သော​လူ​မျိုး ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​သည်​ဧ​လိ​ယ၏ စိတ်​ဝိ​ညာဉ်​တန်​ခိုး​နှင့်​ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​သို့ သွား​လိမ့်​မည်​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-

အ​ကြောင်း​မူ​ကား၊ ရန်​သူ​အ​ပေါင်း​တို့​သည် မ​ငြင်း​ခုံ​မ​ဟန့်​တား​နိုင်​သော နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​ကို ငါ​ပေး​မည်။-

မင်း​လု​လင်​တို့​က၊ ထို​သူ​ဟော​ပြော​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​ဟော​စ​ဖူး​ပါ​ဟု လျှောက်​ကြ၏။-

ဘု​ရား​သ​ခင်၏​အ​ကြံ​အ​မှု​ဖြစ်​လျှင် သင်​တို့​သည် မ​ဖျက်​ဆီး​နိုင်​ကြ။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​မ​ဖြစ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့​ဟု ပြော​ဆို၏။-

ထို​အ​ခါ ဤ​သူ​သည် မော​ရှေ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း လွန်​ကျူး၍ ပြော​သည်​ကို ငါ​တို့​ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​မည့်​သူ​တို့​ကို တိတ်​ဆိတ်​စွာ​ခေါ်၍ ထား​ကြ​ပြီး​လျှင်၊-

ထို​အ​ခါ လိ​ဗေ​ရ​တိန် အ​ပေါင်း​အ​သင်း​ဝင်​သော သူ​မှ​စ၍၊ ကု​ရေ​နေ​ပြည်​သား၊ အာ​လေ​ဇ​န္ဒြိ​ပြည်​သား၊ ကိ​လိ​ကိ​ပြည်​သား၊ အာ​ရှိ​ပြည်​သား အ​ချို့​တို့​သည် ထ၍ သ​တေ​ဖန်​နှင့်​ငြင်း​ခုံ​ခြင်း​ကို ပြု​စဉ်​တွင်၊-

လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-

သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ