Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 5:4

Judson Bible

ထို​မြေ​ရှိ​စဉ်​တွင် ကိုယ်​ပိုင်​သည် မ​ဟုတ်​လော။ ရောင်း၍​ရ​သော အ​ဖိုး​သည် ကိုယ်​ဥ​စ္စာ​ဖြစ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် ဤ​သို့​ကြံ​စည်​သ​နည်း။ လူ​ကို​သာ မု​သား​ပြော​ပြီ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​လည်း မု​သား​ပြော​ပြီ​ဟု ပေ​တ​ရု​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်၌ ငါ့​စိတ်​နှ​လုံး စွဲ​လမ်း​သော​ကြောင့်၊

ရွှေ​သည် ရွှေ​တန်​ဆာ​အ​ဖို့၊ ငွေ​သည် ငွေ​တန်​ဆာ​အ​ဖို့​နှင့် ဆ​ရာ​သ​မား​လုပ်​သ​မျှ​အ​ဖို့ ဖြစ်၏။ သို့​ဖြစ်၍ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ဥ​စ္စာ​ကို အ​ဘယ်​သူ​ပူ​ဇော်​ချင်​သ​နည်း​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​အား မေး​တော်​မူ​လျှင်၊

လူ​များ​တို့​သည် စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော စိတ်​သ​ဘော​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ကြောင့် ဝမ်း​မြောက်​ကြ၏။ ဒါ​ဝိဒ်​မင်း​ကြီး​သည်​လည်း အ​လွန်​တ​ရာ​ဝမ်း​မြောက်​တော်​မူ၏။

ထို​သူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍ အ​န​တ္တ​ကို​ဖွား​တတ်​ကြ၏။ သူ​တို့​ဝမ်း​ထဲ၌ မု​သား​ကို ကိုယ်​ဝန်​ဆောင်​တတ်​သည်​ဟု မြွက်​ဆို၏။

အ​ကျွန်ုပ်​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​မြွက်​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကြွင်း​မဲ့ သိ​တော်​မူ၏။

ထို​သူ​သည် ဒု​စ​ရိုက်​ဖွား​သော ဝေ​ဒ​နာ​ကို​ခံ​ရ၏။ မ​ကောင်း​သော​အ​ကြံ​အ​စည်​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ စိတ်​ပျက်​ခြင်း​ကို ဖွား​မြင်​တတ်၏။

တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။

ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သော အ​လုပ်​အ​မျိုး​မျိုး​ရှိ​သ​မျှ​အ​ဖို့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကြည်​ညို​သော စေ​တ​နာ​စိတ်​နှိုး​ဆော်​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​ကြ၏။

သ​စ္စာ​က​တိ​ပြု၍ ဝတ်​ကို​မ​ဖြေ​ဘဲ​နေ​သည်​ထက်၊ သ​စ္စာ​က​တိ​အ​လျှင်း​မ​ပြု​ဘဲ​နေ​သော် သာ၍​ကောင်း၏။

တ​ရား​ကို အ​ဘယ်​သူ​မျှ​မ​ရှာ၊ သ​စ္စာ​ကို အ​ဘယ်​သူ​မျှ​မ​စောင့်၊ အ​န​တ္တ​ကို​ကိုး​စား၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။ မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ အ​ဓ​မ္မ​အ​မှု​ကို ဖွား​ကြ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​အ​ခါ သင်​သည် အ​ရာ​ရာ​တို့​ကို အောက်​မေ့၍ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​လျက်၊

ထို​ကြောင့် သင်​နှင့်​သင်၏​အ​ပေါင်း​အ​သင်း ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​ကြ​ပြီ​တ​ကား။ အာ​ရုန်​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​ရ​မည်​အ​ကြောင်း၊ သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု ကော​ရ​အား​ဆို​ပြီး​မှ၊

သင်​တို့၏​စ​ကား​ကို နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်၏။ သင်​တို့​ကို ပယ်​သော​သူ​သည် ငါ့​ကို​ပယ်၏။ ငါ့​ကို​ပယ်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ပယ်​သည်​ဟု မိန့်​တော်​မူ၏။-

ပေ​တ​ရု​က​လည်း၊ အာ​န​နိ၊ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။-

ပေ​တ​ရု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​ကို စုံ​စမ်း​မည်​ဟု သ​ဘော​တူ​နှင့် အ​ဘယ်​ကြောင့် ကြံ​စည်​ကြ​သ​နည်း။ ကြည့်​ရှု​လော့။ သင်၏​ခင်​ပွန်း​ကို သင်္ဂြိုဟ်​သော သူ​တို့၏​ခြေ​သည် တံ​ခါး​နား​မှာ​ရှိ​သည်​ဖြစ်၍၊ သင့်​ကို​လည်း ဆောင်​သွား​လေ​ဦး​မည်​ဟု ဆို​သော​ခ​ဏ​ချင်း​တွင်၊-

အ​စား​အ​သောက်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​မှာ မျက်​နှာ​ရ​သည်​မ​ဟုတ်။ အ​စား​ကို​သုံး​ကာ​မျှ​ဖြင့် မြတ်​သည် မ​ဟုတ်။ ရှောင်​ကာ​မျှ​ဖြင့် ယုတ်​သည်​မ​ဟုတ်။-

ထို​ကြောင့်၊ ငါ​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် လူ​ကို​သာ ငြင်း​ပယ်​သည်​မ​ဟုတ်၊ ကိုယ်​တော်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်၏။

သင်​သည် ငါ၌ ကျေး​ဇူး​ပြု​ရာ​တွင် အ​နိုင်​ပြု​ရ​သ​ကဲ့​သို့​မ​ဟုတ်၊ အ​လို​အ​လျောက်​ပြု​စေ​ချင်​သော စိတ်​ရှိ​သည်​ဖြစ်၍၊ သင်၏​အ​ခွင့် မ​ရှိ​လျှင် အ​လျှင်း​မ​ပြု​လို။-

တပ်​မက်​သော​စိတ်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဒု​စ​ရိုက်​ကို​ဖွား​တတ်၏။ ဒု​စ​ရိုက်​သည်​လည်း ပြည့်​စုံ​လျှင် သေ​ခြင်း​ကို ဖွား​တတ်၏။-

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​အား လူ​များ​တို့​ပြော​ဆို​သ​မျှ​သော စ​ကား​ကို နား​ထောင်​လော့။ သူ​တို့​သည် သင့်​ကို​သာ​မ​ပယ်၊ ငါ​သည် သူ​တို့​ကို​မ​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ့​ကို​လည်း​ပယ်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ