တမန်တော်ဝတ္ထု 5:39Judson Bibleဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။- အခန်းကိုကြည့်ပါ။ |
အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိဟု သင်လုပ်သောအရာက ဆိုရမည်လော။
မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေတို့၌လည်းကောင်း၊ မြေကြီးသားတို့၌လည်းကောင်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူမရှိ။