Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 5:30

Judson Bible

သင်​တို့​သည် သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​သော​ယေ​ရှု​ကို ငါ​တို့ ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် ထ​မြောက်​စေ​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် ကြို​ဆို​ခြင်း​ငှာ ထွက်​သွား၍၊ ငါ့​ကို​မ​စ​ခြင်း​ငှာ မေ​တ္တာ​စိတ်​နှင့်​လာ​လျှင် ငါ​သ​ဘော​တူ၏။ သို့​မ​ဟုတ် ငါ့​ကို ရန်​သူ​လက်​သို့​အပ်​ခြင်း​ငှာ လာ​လျှင် ငါ၌​အ​ပြစ်​မ​ရှိ​သော​ကြောင့်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင်​သည် ကြည့်​ရှု၍ ဆုံး​မ​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်၊

အ​ကျွန်ုပ်​တို့​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ လူ​တို့​သည် ဤ​အ​မှု​အ​ရာ​များ​ကို၊ အ​စဉ်​အောက်​မေ့​စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​မည်​အ​ကြောင်း၊ သူ​တို့​စိတ်​နှ​လုံး​သည် ကိုယ်​တော်​ဘက်၌ တည်​ကြည်​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ။

ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တင့်​တယ်​စေ​မည်​အ​ကြံ​ကို ရှင်​ဘု​ရင်​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ​ထ​သော၊ ရှင်​ဘု​ရင်​ရှေ့၊ အ​တွင်း​ဝန်​များ၊ ဗိုလ်​မင်း​များ​ရှေ့​မှာ ငါ့​အား​အ​ခွင့်​ပေး​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​အား သ​နား​ခြင်း​ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ပြု​ခြင်း​ငှာ သ​တိ​ထား၍ မိ​မိ​ကျွန် ဣ​သ​ရေ​လ​ကို မ​စ​တော်​မူ​ပြီ​ဟု ဆို၏။-

ငါ​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​တွင်​ပြု​တော်​မူ​သော အ​မှု​များ​တို့၏ သက်​သေ​ခံ​ဖြစ်​ကြ၏။ ထို​သူ​ကို သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​ကြ​လေ၏။-

ဆာ​လံ​ကျမ်း​ဒု​တိ​ယ​ခန်း၌ လာ​သည်​ကား၊ သင်​သည်​ငါ့​သား ဖြစ်၏။-

ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-

သူ​က​လည်း၊ သင်​သည်​မြင်​လေ​သ​မျှ၊ ကြား​လေ​သ​မျှ​တို့​ကို လူ​အ​ပေါင်း​တို့​အား​ပြော၍ သ​ခင်​ဘု​ရား၏ သက်​သေ​ခံ​ဖြစ်​ရ​မည် အ​ကြောင်း၊-

သင်​တို့​တွင် မိ​မိ​ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​ပယ်​ရှား​သော​သူ ရှိ​သ​မျှ​တို့​အား ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင်၊ သင်​တို့​ရှိ​ရာ​သို့ ရှေး​ဦး​စွာ​စေ​လွှတ်​တော်​မူ​သည်​ဟု လူ​များ​တို့​အား ပေ​တ​ရု​ဟော​ပြော၏။

ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။-

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ