Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 5:21

Judson Bible

ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လာ​ကြ​သ​ဖြင့်၊ လွှတ်​အ​ရာ​ရှိ​မှ​စ၍ ဣ​သ​ရေလ​လူ​တို့​တွင် အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ တ​မန်​တော်​တို့​ကို​ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို ထောင်​သို့ စေ​လွှတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မှူး​တော်​မတ်​တော်​တို့​ကို ဆုံး​မ​ပိုင်​သော​အ​ခွင့်​နှင့် နန်း​တော်​အုပ်၊ နိုင်​ငံ​တော်​အုပ်​အ​ရာ၌ ထို​သူ​ကို ခန့်​ထား​တော်​မူ၏။

ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-

မိုး​လင်း​သော​အ​ခါ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် စည်း​ဝေး၍ ကိုယ်​တော်​ကို လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊-

ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊-

နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ၍ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့ လာ​ကြ၏။ ထို​အ​ခါ ထိုင်​တော်​မူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင်၊-

သင်​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​ကို​မြင်၍ နှုတ်​တော်​ထွက်​ကို ကြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် သင့်​ကို ခန့်​ထား​တော်​မူ၏။-

ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဇ​ဒ္ဒု​ကဲ​ဖြစ်​သော ထို​မင်း၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ထ၍ ဒေါ​သ​အ​မျက်​နှင့် ပြည့်​ကြ​သ​ဖြင့်၊-

ထို​သို့ ခေါ်​ဆောင်​ပြီး​လျှင်၊ လွှတ်​အ​ရာ​ရှိ​တို့ ရှေ့​မှာ​ထား၍ ယဇ်​ပု​ရော​ဟိတ်​မင်း​က၊-

ထို​အ​ခါ လူ​အ​ပေါင်း​တို့ ရို​သေ​သော​သူ၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော နိဿ​ရည်း​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် လွှတ်​တော်​ပေါ်၌​ထ၍၊ တ​မန်​တော်​တို့​ကို ပြင်​သို့​ခ​ဏ​ထွက်​စေ​ပြီး​လျှင်၊-

တ​မန်​တော်​တို့​သည်​လည်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် မိ​မိ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ လွှတ်​တော်​မှ​ထွက်​သွား​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ