Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 5:2

Judson Bible

ထို​သူ​သည် မိ​မိ​ခင်​ပွန်း​နှင့်​သ​ဘော​တူ​လျက်၊ အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​သ​ဖြင့်၊ တစ်​ဖို့​ကို​သာ​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သ​စ္စာ​က​တိ​ထား​ပြီး​မှ မိ​မိ​သိုး​စု၌ အ​ထီး​ရှိ​လျက်​ပင်​လှည့်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​အား ချို့​တဲ့​သော အ​ကောင်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ငါ​သည် ကြီး​မြတ်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ငါ၏​နာ​မ​တော်​သည် လူ​အ​မျိုး​မျိုး​တို့​တွင် ကြောက်​မက်​ဖွယ်​ဖြစ်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ပြု​သ​မျှ​သော​အ​ကျင့်​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ ပြု​ကြ၏။ ကျယ်​သော လက်​ဖွဲ့​တို့​ကို​လည်း​ကောင်း၊ ကြီး​သော ပန်း​ပွား​တို့​ကို​လည်း​ကောင်း ဝတ်​လေ့​ရှိ​ကြ၏။-

ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။-

ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​သည် တ​စ်စု​တစ်​ဝေး​တည်း​နေ​ကြ​သ​ဖြင့်၊ မိ​မိ​တို့၌​ရှိ​သ​မျှ​ကို ဆက်​ဆံ၍ သုံး​ဆောင်​ကြ၏။-

မိ​မိ​ပိုင်​သော မြေ​ကို​ရောင်း​ပြီး​လျှင်၊ ရ​သော​ငွေ​ကို​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။

သို့​ရာ​တွင် အာ​န​နိ​နှင့် ရှ​ဖိ​ရေ​အ​မည်​ရှိ​သော လင်​မ​ယား​နှစ်​ယောက်​တို့​မူ​ကား၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ရောင်း​ပြီး​လျှင်၊-

ပေ​တ​ရု​က​လည်း၊ အာ​န​နိ၊ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။-

ပေ​တ​ရု​က​လည်း၊ ဤ​မျှ​လောက်​နှင့် မြေ​ကို​ရောင်း​သ​လော၊ ငါ့​အား​ပြော​လော့​ဟု​မေး​လျှင်၊ ထို​မိန်း​မ​က၊ ဟုတ်​ပါ၏။ ဤ​မျှ​လောက်​နှင့်​ပင် ရောင်း​ပါ​သည်​ဟု​ဆို၏။-

ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ