Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 4:21

Judson Bible

ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ​သ​ဖြင့်၊ အ​သော​သူ​သည် စ​ကား​ပြော​သည်​ကို​လည်း​ကောင်း၊ ချို့​တဲ့​သော​သူ​သည် ပ​က​တိ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သော​သူ​သည် လှမ်း​သွား​သည်​ကို​လည်း​ကောင်း၊ မျက်​စိ​ကန်း​သော​သူ​သည် မြင်​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​စု​အ​ဝေး​တို့​သည်​မြင်​လျှင် အံ့​ဩ​ခြင်း​သို့​ရောက်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​သော်​လည်း စု​ဝေး​သော​သူ​များ​ကို ကြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏။

သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင်​မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။

နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​ပြီး​မှ ထို​အ​သော​သူ​သည် စ​ကား​ပြော၏။ လူ​အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​ကဲ့​သို့ မ​မြင်​ရ​စ​ဖူး​ဟု ပြော​ဆို​ကြ၏။-

လူ​အ​စု​အ​ဝေး​တို့​သည် မြင်​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​ကို အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ရန်​ဘက်​နေ​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်​ခြင်း​ရှိ​၍၊ ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​များ​တို့​ကို လူအပေါင်းတို့သည်နှစ်​သက်​ဝမ်း​မြောက်​ကြ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် မိ​မိ​တို့​ကို ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို​သိ​သော​ကြောင့် ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း လူ​များ​ကို​ကြောက်၍ နေ​ရ​ကြ၏။

ယော​ဟန်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် ယုံ​သ​ဖြင့် ငါ​တို့​ကို ကျောက်​ခဲ​နှင့် ပစ်​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့​သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။ အ​ဘယ်​ကြောင့်​ရှာ​ကြံ​ရ​ကြ​သ​နည်း​ဟူ​မူ​ကား၊ လူ​များ​တို့​ကို ကြောက်​ကြ၏။

ထို​သူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​အား​ကြီး​သည်​နှင့်၊ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​အ​ရာ​ကို ယ​နေ့​မြင်​ခဲ့​ပြီ​ဟု​ပြော​ဆို၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

သို့​သော်​လည်း လူ​များ​အ​ထဲ၌ သာ၍ မ​နှံ့​မ​ပြား​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ထို​နာ​မ​ကို အ​မှီ​ပြု​လျက် အ​ဘယ်​သူ​ကို​မျှ မ​ဟော​မ​ပြော​နှင့်​ဟူ၍ သူ​တို့​ကို ကျပ်​တည်း​စွာ ခြိမ်း​ခြောက်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊-

အ​ကြောင်း​မူ​ကား၊ အ​နာ​ကင်း​ခြင်း နိ​မိတ်​လ​က္ခ​ဏာ​ကို ခံ​ရ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​သည်​ဖြစ်၍ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​ထောက်​လျက် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။

ကြွင်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပေါင်း​ဖော်​ဝံ့​သော်​လည်း၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။-

ထို​အ​ခါ ဗိ​မာန်​တော်​မှူး​သည် မင်း​လု​လင်​တို့​နှင့်​အ​တူ သွား​ပြန်​လျှင်၊ မိ​မိ​တို့​ကို လူ​များ​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​မည်​ကို စိုး​ရိမ်​သော​ကြောင့်၊ တ​မန်​တော်​တို့​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ခေါ်​ဆောင်​လေ၏။-

ထို​စ​ကား​ကို နား​ထောင်​ကြ​သ​ဖြင့်၊ တ​မန်​တော်​တို့​ကို​ခေါ်၍ ရိုက်​နှက်​ပြီး​မှ၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် မ​ဟော​မ​ပြော​မည်​အ​ကြောင်း မြစ်​တား၍ လွှတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ