Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 4:19

Judson Bible

ပေ​တ​ရု​နှင့် ယော​ဟန်​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို​နား​ထောင်​သည်​ထက် သင်​တို့၏​စ​ကား​ကို သာ၍​နား​ထောင်​သော်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကောင်း​မည်​မ​ကောင်း​မည်​ကို ဆင်​ခြင်၍ စီ​ရင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

ပြစ်​မှား​စ​ရာ​အ​ကြောင်း​ကို ပြု​လေ၏။ ပြည်​သား​တို့​သည် နွား​သ​ငယ်​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဒန်​မြို့​တိုင်​အောင် သွား​တတ်​ကြ၏။

ထို​ကြောင့် ဘု​ရား​သ​ခင်၏​လူ​သည် ပ​ရော​ဖက်​နှင့်​အ​တူ​ပြန်​လာ၍၊ သူ၏​အိမ်​မှာ မုန့်​ကို​စား၏။ ရေ​ကို​လည်း သောက်၏။

ကိုယ်​တိုင်​ပြစ်​မှား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏​အ​ပြစ်​တို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​မည်​ဟု ဆင့်​ဆို​လေ၏။

ယေ​ဇ​ဗေ​လ​ပေး​လိုက်​သော စာ၌​ပါ​သည်​အ​တိုင်း၊ နာ​ဗုတ်​နေ​သော​မြို့​သား အ​သက်​ကြီး​သူ​နှင့် မှူး​မတ်​တို့​သည်​ပြု​လျက်၊

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ကို မှာ​ထား​သည်​ကား၊ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နှင့် ညဉ့်​ဦး​ယံ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ၊ ရှင်​ဘု​ရင်​မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ပြည်သူပြည်သားမီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပ​လ္လင်​ကြီး​ပေါ်​မှာ မီး​ရှို့​လော့။ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော ယဇ်​မျိုး​အ​သွေး​ကို​လည်း ထို​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လော့။ ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် ငါ​မေး​မြန်း​စ​ရာ​ဖို့ ရှိ​ရ​မည်​ဟု၊

အာ​ခတ်​မင်း​ကြီး​မှာ​ထား​သ​မျှ​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ပြု၏။

အို​လူ​သား​တို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် စ​ကား​ဖြောင့်​ကြ​သ​လော။

ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​အ​တိုင်း​မ​ပြု၊ ယောက်ျား​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ၏။

ယေ​ရ​မိ​က​လည်း၊ သင်​တို့​ကြား​သ​မျှ​အ​တိုင်း၊ ဤ​အိမ်​တော်​နှင့် ဤ​မြို့​တော်​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဟော​ပြော​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​ပြီ။

ထို​သို့ ကယ်​လွှတ်​တော်​မ​မူ​သော်​လည်း အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်၏​ဘု​ရား​တို့​ကို အ​ကျွန်ုပ်​တို့​သည် ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု ပြန်​လျှောက်​ကြ၏။

အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။

ဧ​ဖ​ရိမ်​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၏။ တ​ရား​စီ​ရင်​ခြင်း​နှင့် တွေ့၍ ဆုံး​ရှုံး​ရ၏။ အ​ကြောင်း​မူ​ကား၊ အ​မိန့်​တော်​အ​တိုင်း ကျင့်​လေ​ပြီ။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်၊ ဣ​ဇာက်​အ​မျိုး​တစ်​ဖက်၌ မ​မြွက်​နှင့်​ဟု သင်​ဆို​သော်၊

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။

ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏ ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။-

မျက်​နှာ​ကို​သာ​ကြည့်၍ မ​စီ​ရင်​ကြ​နှင့်။ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊-

ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-

ပေ​တ​ရု​နှင့် အ​ခြား​သော တ​မန်​တော်​တို့​က​လည်း၊ လူ၏​စ​ကား​ထက် ဘု​ရား​သ​ခင်၏​စ​ကား​တော်ကို နား​ထောင်​သင့်​ပါ၏။-

သင်​တို့​ကို ပ​ညာ​ရှိ​ကဲ့​သို့​မှတ်၍ ပြော​မည်။ ငါ့​စ​ကား​ကို ဆင်​ခြင်​ကြ​လော့။-

ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။-

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။-

အ​ကြောင်း​မူ​ကား၊ ထို​သို့​သော အ​မှု​သည် ကောင်း​သော​အ​မှု​ဖြစ်၏။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု​လည်း ဖြစ်၏။-

မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။-

တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ