Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 4:17

Judson Bible

သို့​သော်​လည်း လူ​များ​အ​ထဲ၌ သာ၍ မ​နှံ့​မ​ပြား​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ထို​နာ​မ​ကို အ​မှီ​ပြု​လျက် အ​ဘယ်​သူ​ကို​မျှ မ​ဟော​မ​ပြော​နှင့်​ဟူ၍ သူ​တို့​ကို ကျပ်​တည်း​စွာ ခြိမ်း​ခြောက်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​မှူး​မတ်​တို့​သည် ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဤ​သူ​သည် ဤ​သို့​သော​စ​ကား​ကို​ပြော​သ​ဖြင့်၊ မြို့​ထဲ​မှာ ကျန်​ကြွင်း​သေး​သော စစ်​သူ​ရဲ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့၏​လက်​ကို အား​လျော့​စေ​တတ်​ပါ၏။ သူ​သည် ဤ​လူ​မျိုး၏​အ​ကျိုး​ကို မ​ပြု​စု​တတ်၊ ဖျက်​ဆီး​တတ်​ပါ၏။ ထို​ကြောင့်၊ သူ့​ကို ကွပ်​မျက်​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊

သင်​တို့​မူ​ကား၊ နာ​ဇ​ရိ​လူ​သောက်​ဖို့​စ​ပျစ်​ရည်​ကို​ပေး​ကြ​ပြီ။ ပ​ရော​ဖက်​တို့​ကို​လည်း၊ ပ​ရော​ဖက်​ပြု၍ မ​ဟော​ကြ​နှင့်​ဟု မြစ်​တား​ကြ​ပြီ။

ထို​ကြောင့် သူ၏​တ​ပည့်​တို့​သည် ည​အ​ခါ​လာ၍ အ​လောင်း​ကို ခိုး​ယူ​ပြီး​လျှင်၊ သူ​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ​သော်၊ ရှေ့​အ​မှား​ထက် နောက်​အ​မှား​သာ၍ ကြီး​မည်​ဟု စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​သည်​ဖြစ်၍၊ သင်္ချိုင်း​တွင်း​ကို သုံး​ရက်​မြောက်​အောင် လုံ​ခြုံ​စွာ​စောင့်​စိမ့်​သော​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-

သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။-

ထို​သူ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​သိ​သည်​ဖြစ်၍၊ ငါ၏​နာ​မ​ကြောင့် သင်​တို့​အား ထို​အ​မှု​ရှိ​သ​မျှ​တို့​ကို ပြု​ကြ​လိမ့်​မည်။-

ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။-

ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဗိ​မာန်​တော်​မှူး​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​စ​ကား​ကို ကြား​လျှင်၊ ထို​အ​မှု​သည် အ​ဘယ်​သို့​သော​အ​မှု ဖြစ်​လိမ့်​မည်​နည်း​ဟူ၍ တွေး​တော​ခြင်း​ရှိ​ကြ၏။-

ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-

သ​ခင်​တို့၊ ခြိမ်း​ခြောက်​ခြင်း​ကို ချုပ်​တည်း၍၊ ကိုယ်​ကျွန်​တို့​ကို ထို​နည်း​တူ​ပြု​ကြ​လော့။ သင်​တို့၏ သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​သ​ခင်​သည် အ​ဘယ်​သူ၏ မျက်​နှာ​ကို မှတ်​တော်​မ​မူ​သည်​ကို​လည်း​ကောင်း၊ သိ​မှတ်​ကြ​လော့။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​ထံ​က၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​အ​သံ​သည်၊ မာ​ကေ​ဒေါ​နိ​ပြည်၊ အ​ခါ​ယ​ပြည်၌ ကျော်​စော​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို သင်​တို့ ယုံ​ကြည်​ခြင်း၏ သ​တင်း​သည် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​လေ၏။ သို့​ဖြစ်၍ ငါ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။-

အ​သေ​ခံ​ရ​သော​အ​ခါ ခြိမ်း​ခြောက်​ခြင်း​ကို မ​ပြု။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​သူ၌ ကိုယ်​ကို​ကိုယ် အပ်​နှံ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ