Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 4:11

Judson Bible

ထို​သ​ခင်​ကား၊ သင်​တို့​သည် တိုက်​ကို တည်​လုပ်​သော​အ​ခါ ပယ်​ထား၍၊ နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်​ဖျား​သို့​ရောက်​ပြန်​သော ကျောက်​ဖြစ်​တော်​မူ၏။ ထို​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကယ်​တင်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ စုံ​စမ်း​သော​အ​မြစ်​ကျောက်​တည်း​ဟူ​သော၊ မ​လှုပ်​နိုင်​အောင် မြဲ​မြံ​သော တိုက်​ထောင့်​အ​မြစ် ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ပြေး​ရ​သော​အ​ကြောင်း မ​ရှိ။

ယော​ရှု​ရှေ့​မှာ ငါ​ထား​သော​ကျောက်​ကို ကြည့်​ရှု​လော့။ ထို​ကျောက်​တစ်​ခု​ကို မျက်​စိ​ခု​နစ်​လုံး​ကြည့်​ရှု​လျက်​ရှိ​လိမ့်​မည်။ ထို​ကျောက်​ကို​လည်း ငါ​ထု​လုပ်​မည်။ တစ်​နေ့​ချင်း​တွင် ဤ​ပြည်၏​အ​ပြစ်​ကို ငါ​ပယ်​ရှင်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကိုယ်​တော်​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။ လူ​သား​သည်​လည်း အ​လွန်​ဆင်း​ရဲ၍ ကဲ့​ရဲ့​ပယ်​ထား​ခြင်း​ကို ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ၏။-

သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။-

ထို​သို့​သော ယုံ​ကြည်​မျှော်​လ​င့်​ခြင်း​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် ထိမ်​ဝှက်​ခြင်း အ​လျှင်း​မ​ရှိ။ အ​တည့်​အ​လင်း ဟော​ပြော​ကြ၏။-

ထို​ကြောင့်​ငါ​တို့​သည် ထို​သို့​သော​တ​ရား၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ