Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 3:25

Judson Bible

သင်​တို့​သည် ပ​ရော​ဖက်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​ကို၊ သင်၏ အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၍၊ ငါ​တို့ ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သင်​တို့​သည်​ဆိုင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရာ​သည် သင်​အား​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​လည်း ဣ​ဇာက်​အ​မည်​ဖြင့်​မှည့်​ရ​မည်။ သူ၌​လည်း​ကောင်း၊ သူ့​နောက်​မှ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း ငါ၏​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။

အာ​ဗြ​ဟံ​သည်​ကြီး​မြတ်၍၊ တန်​ခိုး​နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ့​အား​ဖြင့်​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

ယ​ခု​မှာ၊ သူ၏​မ​ယား​ကို သူ့​အား​ပြန်​ပေး​လော့။ သူ​သည် ပ​ရော​ဖက်​ဖြစ်၏။ သင့်​အ​ဖို့​ဆု​တောင်း​လျှင်၊ သင်​သည် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ပြန်၍​မ​ပေး​ဘဲ​နေ​လျှင်၊ သင်​မှ​စ၍၊ သင်​နှင့်​ဆိုင်​သော​သူ​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​သေ​မည်​ဟု မိန့်​တော်​မူ၏။

သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်၊ လူ​မျိုး​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ၏​စ​ကား​ကို​သင်​နား​ထောင်​သော​ကြောင့်၊ ငါ​သည်​ကိုယ်​ကို ကိုယ်​တိုင်​တည်၍​ကျိန်​ဆို၏​ဟု ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​လေ၏။

သင်၏​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့​များ​ပြား​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​လည်း၊ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်​လည်း၊ လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

ရှေ့​တော်၌ သူ့​သ​ဘော​ဖြောင့်​သည်​ကို တွေ့​သော​ကြောင့်၊ ခါ​န​နိ​ပြည်၊ ဟိ​တ္တိ​ပြည်၊ အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ ယေ​ဗု​သိ​ပြည်၊ ဂိ​ရ​ဂါ​ရှိ​ပြည်​တို့​ကို အာ​ဗြ​ဟံ​အ​မျိုး​အ​နွယ်​အား ငါ​ပေး​မည်​ဟု ဝန်​ခံ​သည်​အ​တိုင်း သ​စ္စာ​တော်​မ​ပျက် ပြု​တော်​မူ၏။

မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် သ​တိ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​လိမ့်​မည်။ လူ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုး​ကွယ်​ကြ​လိမ့်​မည်။

လူ​အ​မျိုး​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။

အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော ညီ​အစ်​ကို​မှ​စ၍ သင်​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ဤ​ကယ်​တင်​တော်​မူ​ခြင်း တ​ရား​စ​ကား​ကို သင်​တို့​အား ကြား​လိုက်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ က​တိ​တော်​သည် သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း၊ ဝေး​သော​သူ​တို့​တွင် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သ​မျှ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆိုင်​သည်​ဟု ဟော၏။-

တစ်​ဖန် ငါ​ဆို​သည်​ကား၊ ယေ​ရှု​ခ​ရစ်​သည် ဘု​ရား​သ​ခင်၏ သ​စ္စာ​တော်​ကို​ထောက်၍၊ ဘိုး​ဘေး​များ​ခံ​ရ​သော က​တိ​တော်​တို့​ကို တည်​စေ​ခြင်း​ငှာ၊-

ထို​မှ​တစ်​ပါး၊ ဤ​လော​က​ကို အ​မွေ​ခံ​စေ​မည်​ဟု က​တိ​တော်​ကို အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့် ရ​ကြ​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ရ​ကြ၏။-

က​တိ​တော်​တို့​ကို အာ​ဗြ​ဟံ​နှင့် သူ၏​အ​မျိုး​အ​နွယ်၌ ထား​တော်​မူ၏။ အ​မျိုး​အ​နွယ်​တို့​ဟု အ​များ​သော​သူ တို့​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​မ​ဟုတ်။ သင်၏ အ​မျိုး​အ​နွယ်​ဟု တစ်​ယောက်​သော​သူ​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ထို​တစ်​ယောက်​သော​သူ​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။-

ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​လျှင်​အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်၍၊ က​တိ​တော်​အ​တိုင်း အ​မွေ​ခံ၏​အ​ရာ၌ တည်​ကြ၏။

ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​ခြင်း​ကို​ထောက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ​မည်​ဟု ကျမ်း​စာ​သည်​မြော်​မြင်​လျက်၊ အာ​ဗြ​ဟံ​အား အ​မိန့်​ရှိ၍၊ သင့်​အား​ဖြင့် လူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​နှင့်​လေ၏။-

မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တည်း​ဟူ​သော အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အား ထာ​ဝ​ရ​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊-

ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။-

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့ အ​ထဲ​မှ​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ရေ​တွက်​နိုင်​သော လူ​များ​အ​ပေါင်း​တို့​သည် ဖြူ​သော​ဝတ်​လုံ​ကို ဝတ်​ဆင်​လျက်၊ စွန်​ပ​လွံ​ခက်​ကို​ကိုင်​လျက်၊ ပ​လ္လင်​တော်​ရှေ့၊ သိုး​သ​ငယ် ရှေ့​မှာ​ရပ်​နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ