Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 3:23

Judson Bible

အ​ကြင်​သူ​သည် ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​သည် မိ​မိ​အ​မျိုး​ထဲ​က ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်​ဟု​ဟော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့၌ ခြိုး​ခြံ​စွာ​မ​ကျင့်​သော​သူ​မည်​သည်​ကား မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်။

ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-

ငါ့​ကို​ပယ်၍ ငါ့​စ​ကား​ကို နား​မ​ခံ​သော​သူ​အား အ​ပြစ်​စီ​ရင်​သော​သူ​ရှိ​သေး၏။ ငါ​ဟော​ပြော​သော​စ​ကား​ပင် နောက်​ဆုံး​သော​နေ့၌ ထို​သူ​အား​အ​ပြစ်​စီ​ရင်​လိမ့်​မည်။-

ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။-

ထို​ပ​ရော​ဖက်​သည် ငါ့​အ​ခွင့်​နှင့် ဟော​ပြော​သော ငါ့​စ​ကား​တို့​ကို အ​ကြင်​သူ​သည် နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​ကို ငါ​စစ်​ကြော​မည်။

ငါ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့​ရောက်​အံ့​သော​ငှာ ရွေ့​လျော့​သော​သူ မ​ဟုတ်။ စိတ်​ဝိ​ညာဉ်​သည် ကယ်​တင်​ခြင်း​သို့​ရောက်​အံ့​သော​ငှာ ယုံ​ကြည်​သော​သူ ဖြစ်​ကြ၏။

သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။-

အ​စ​အ​ဦး၌ သ​ခင်​ဘု​ရား​ဟော​တော်​မူ၍ ဒေ​သ​နာ​စ​ကား​တော်​ကို ကြား​ရ​သော​သူ​တို့​သည်၊ ယုံ​လောက်​သော သက်​သေ​အား​ဖြင့် ငါ​တို့​အား​ဆင့်​ဆို၍ ဟော​ပြော​သော၊ ဤ​မျှ​လောက် ကြီး​စွာ​သော ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ အ​ပြစ်​ဒဏ်​နှင့် အ​ဘယ်​သို့ လွတ်​ကြ​လိမ့်​မည်​နည်း။-

ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။-

အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ