Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 28:8

Judson Bible

ပု​ဗ​လိ​မင်း၏​အ​ဘ​သည် ဖျား​နာ​နှင့် ဝမ်း​ကျ​သွေး​သွန်​နာ​စွဲ၍၊ တုံး​လုံး​နေ​သည်​ကို ပေါ​လု​ဝင်၍ ဆု​တောင်း​ပြီး​မှ၊ သူ့​အ​ပေါ်၌ လက်​တင်၍ အ​နာ​ကို​ငြိမ်း​စေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။-

နာ​သော​သူ​တို့​အား ချမ်း​သာ​ပေး​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ နူ​သော​သူ​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ နတ်​ဆိုး​တို့​ကို​လည်း နှင်​ထုတ်​ကြ​လော့။ သင်​တို့​သည် အ​ဖိုး​မ​ပေး​ဘဲ ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​ပြီ​ဖြစ်၍ အ​ဖိုး​မ​ခံ​ဘဲ ပေး​ကမ်း​ကြ​လော့။-

ထို​သူ​အား၊ သင်၏​လက်​ကို ဆန့်​လော့​ဟု မိန့်​တော်​မူ၍၊ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင် ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။-

မြွေ​တို့​ကို ဖမ်း​ကိုင်​ကြ​လ​တ္တံ့။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​ကို သောက်​စား​လျှင် ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​ကြ​လ​တ္တံ့။ မ​ကျန်း​မ​မာ​သော သူ​တို့​အ​ပေါ်​မှာ လက်​ကို​တင်၍ ချမ်း​သာ​ပေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။-

မ​ကျန်း​မ​မာ​သော​သူ​အ​ချို့​တို့ အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ အ​နာ​ကို​ငြိမ်း​စေ​ခြင်း​မှ​တစ်​ပါး အ​ဘယ်​တန်​ခိုး​တော်​ကို​မျှ ထို​အ​ရပ်၌ ပြ​တော်​မ​မူ​နိုင်။-

ထို​အ​ခါ နား​ပင်း၍ စ​ကား​အ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ သူ့​အ​ပေါ်​မှာ လက်​တော်​ကို တင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

သူ့​အ​ပေါ်​မှာ​လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ သူ​သည် ချက်​ချင်း တည့်​မတ်​ခြင်း​သို့​ရောက်၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။-

နေ​ဝင်​သော​အ​ခါ အ​မျိုး​မျိုး​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၏ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် ထို​လူ​နာ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​အ​သီး​တို့ အ​ပေါ်၌ လက်​တော်​ကို တင်​သ​ဖြင့် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။-

ထို​အ​ရပ်​နှင့် မ​နီး​မ​ဝေး ပု​ဗ​လိ​အ​မည်​ရှိ​သော ကျွန်း​သူ​ကြီး၏ နေ​ရာ​ရှိ၏။ ထို​သူ​ကြီး​သည် ငါ​တို့​ကို​လက်​ခံ၍၊ သုံး​ရက်​ပတ်​လုံး ကောင်း​မွန်​စွာ လုပ်​ကျွေး​ပြု​စု​လေ၏။-

ဤ​သို့​ပြု​သော​ကြောင့်၊ ထို​ကျွန်း၌ အ​နာ​ရော​ဂါ​စွဲ​သော အ​ခြား​သူ​ရှိ​သ​မျှ​တို့​သည် လာ၍ ချမ်း​သာ​ခြင်း​ကို ရ​ကြ၏။-

ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။-

ဘု​ရား​သ​ခင်​သည် ပ​ထ​မ​အ​ရာ၌ တ​မန်​တော်​တို့​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ရာ၌ ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း၊ တ​တိ​ယ​အ​ရာ၌ ဆ​ရာ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် တန်​ခိုး​ပြ​သော သူ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ သင်း​ထောက်​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော​နိုင်​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​သင်း​တော်၌ ခန့်​ထား​တော်​မူ၏။-

ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ယုံ​ကြည်​ခြင်း​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ