သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။-
အကြောင်းမူကား၊ ထာဝရဘုရားသည် အိပ်ချင်သောသဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကိုပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူများတို့ကို ဖုံးလွှမ်းတော်မူပြီ။
ထိုကြောင့်၊ အံ့ဩကြောက်မက်ဖွယ်သော အမှုကို ဤလူမျိုးတွင် တစ်ဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိတို့၏ပညာသည် ပျက်စီးလိမ့်မည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ငါသည်လည်း၊ သူတို့ဖို့ ဘေးဥပဒ်များကို ရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသောအကျင့်ကို ကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။
အို မျက်စိရှိလျက်နှင့် မမြင်၊ နားရှိလျက်နှင့် မကြား၊ ဉာဏ်မဲ့သောလူမိုက်တို့၊ နားထောင်ကြလော့။
အချင်းလူသား၊ သင်သည် ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။
ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားသဖြင့်၊ သူတို့အကျင့် မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့် ဟောရ၏။
ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊-
ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊-
ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။
ထိုသို့ အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတစ်ခွန်းကို ပြောလိုက်သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊-
သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး။