Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 28:23

Judson Bible

နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ။ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ တ​ပည့်​တော်​တို့​အား ဖွင့်​ပြ​တော်​မူ၏။

အ​ကျွန်ုပ်၌ ညီ​ငါး​ယောက်​ရှိ​ပါ​သည် ဖြစ်၍၊ သူ​တို့​သည် ဤ​ပြင်း​ပြ​စွာ ခံ​ရာ​အ​ရပ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သူ​တို့​အား သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ လာ​ဇ​ရု​ကို အ​ကျွန်ုပ်​အ​ဘ၏​အိမ်​သို့ စေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ပြော​ဆို​လျှင်၊-

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-

အ​သေ​ခံ​တော်​မူ​ပြီး​လျှင်၊ တ​မန်​တော်​တို့​အား အ​ရက်​လေး​ဆယ်​ပတ်​လုံး ကိုယ်​ကို​ပြ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​စပ်​ဆိုင်​သော​အ​ရာ​တို့​ကို မိန့်​မြွက်​တော်​မူ​လျက်၊ မိ​မိ​အ​သက်​ရှင်​သည်​အ​ကြောင်း​ကို ခိုင်​ခံ့​သော သက်​သေ​အ​များ​အား​ဖြင့် ပြ​တော်​မူ၏။-

ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို ကျမ်း​စာ​အား​ဖြင့် ထင်​ရှား​စွာ​ပြ၍၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ယု​ဒ​လူ​တို့၏​စ​ကား​ကို အား​ကြီး​စွာ ပယ်​ဖျက်​လေ၏။

ပေါ​လု​သည်​လည်း ဥ​ပုသ်​နေ့​မ​ပြတ် တ​ရား​ဇ​ရပ်၌ ဆွေး​နွေး​ဟော​ပြော၍၊ ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​လေ၏။-

ထို​နောက်​မှ ပေါ​လု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်၍ သုံး​လ​ပတ်​လုံး ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​များ​ကို ဆွေး​နွေး​နှီး​နှော၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့် ရဲ​ရင့်​စွာ ဟော​ပြော​လေ၏။-

နက်​ဖြန့်​နေ့​ည​တွင် သ​ခင်​ဘု​ရား​သည် ပေါ​လု​အ​နား၌ ပေါ်​လာ​တော်​မူ​လျက်၊ ပေါ​လု မ​စိုး​ရိမ်​နှင့်။ ငါ၏​အ​ကြောင်း​အ​ရာ​ကို သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ သက်​သေ​ခံ​ပြီး​သည်​နည်း​တူ၊ ရော​မ​မြို့၌​လည်း ခံ​ရ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ၏။

သို့​သော်​လည်း ဒိ​ဌိ​အ​ယူ​ဟူ၍ သူ​တို့​ခေါ်​တတ်​သော ဘာ​သာ​အ​တိုင်း အ​ကျွန်ုပ်​သည် မိ​စဉ်​ဘ​ဆက်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သည်​ဟု ရှေ့​တော်၌ အ​ကျွန်ုပ်​ဝန်​ခံ​ပါ၏။ ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​တို့၌ စီ​ရင်​ရေး​ထား​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ယုံ​ပါ၏။-

ဘု​ရား​သ​ခင်​သည် ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​ကို​ထောက်၍ မျှော်​လင့်​ခြင်း တ​ရား​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် ယ​ခု​တွင် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ပါ၏။-

အ​ဘယ်​သူ​မျှ​မ​မြစ်​တား​ဘဲ၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို အ​တည့်​အ​လင်း​ဟော​ပြော၍၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ကြောင်း​များ​ကို သွန်​သင်​ပြ​သ​လျက်​နေ၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​ထား​သော​တ​မန်​တော်​ဝ​တ္ထု​ပြီး၏။

ဖိ​လိ​ပ္ပု​အား မေး​မြန်း​လျှင်၊ ဖိ​လိ​ပ္ပု​သည် မိ​မိ​နှုတ်​ကို​ဖွင့်၍ ထို​ကျမ်း​စာ​ချက်​ကို အ​စွဲ​ပြု​လျက်၊ ယေ​ရှု၏​အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။-

ငါ​တို့​ချစ်​သော​နှ​မ အ​ပ္ပိ၊ ငါ​တို့​စစ်​သူ​ရဲ​ချင်း အာ​ခိ​ပ္ပု​မှ​စ၍ သင်၏​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။-

ထို​မှ​တစ်​ပါး၊ ငါ​တည်း​ခို​စ​ရာ​အ​ရပ်​ကို​လည်း ပြင်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဆု​တောင်း ပ​တ္ထ​နာ​ပြု​သော​အား​ဖြင့် သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ