Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 28:2

Judson Bible

မိုး​ရွာ၍ ချမ်း​သော​ကြောင့် လူ​ရိုင်း​တို့​သည် မီးမွှေး​ပြီး​လျှင်၊ ငါ​တို့​အ​ပေါင်း​ကို လက်​ခံ၍ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား​ယောက်ျား အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှာ စည်း​ဝေး၍ န​ဝ​မ​လ​အ​ရက်​နှစ်​ဆယ်​တွင်၊ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကြောင့်​လည်း​ကောင်း၊ သည်း​ထန်​စွာ မိုး​ရွာ​သော​ကြောင့်​လည်း​ကောင်း၊ တုန်​လှုပ်​လျက် ဘု​ရား​သ​ခင်၏ အိမ်​တော်​ဦး​ရှေ့​မှာ ထိုင်​နေ​ကြ၏။

သင့်​အ​မျိုး​သား​ချင်း​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​ပြန်၍ မ​တုံ့​ရ။ အ​ငြိုး​မ​ထား​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သင်​နှင့်​အ​တူ​နေ​သော ဧည့်​သည်​ကို ကိုယ်​အ​မျိုး​သား​ချင်း​ကဲ့​သို့ မှတ်​ရ​မည်။ ကိုယ်​နှင့်​အ​မျှ ချစ်​ရ​မည်။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အ​ကြင်​သူ​သည် တ​ပည့်​တော်၏ မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို​သည်​ဟု မှာ​ထား​တော်​မူ၏။-

ထို​ကာ​လ၌ ချမ်း​သော​ကြောင့် ကျွန်​များ​နှင့် မင်း​လု​လင်​များ​တို့​သည် မီး​ခဲ​ပုံ​ကို​ထည့်၍ မီး​လှုံ​လျက်​နေ​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့်​တ​ကွ​ရပ်၍ မီး​လှုံ​လျက်​နေ၏။

နက်​ဖြန်​နေ့​တွင် ဇိ​ဒုန်​မြို့၌​ဆိုက်​ကြ​ပြီး​လျှင်၊ ပေါ​လု​သည် မိ​မိ​အ​ဆွေ​ခင်​ပွန်း​တို့​ထံ​သို့​သွား၍ သူ​တို့၏​လုပ်​ကျွေး​ပြု​စု​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယု​လိ​သည် ကျေး​ဇူး​ပြု၍ အ​ခွင့်​ပေး​လေ၏။-

ပေါ​လု​သည် ထင်း​ကို​စု​သိမ်း၍ မီး​ပေါ်​မှာ ထည့်​စဉ်​တွင်၊ မြွေ​ဆိုး​သည် မီး​ငွေ့​ထဲ​က​ထွက်၍ ပေါ​လု၏​လက်​ကို တွယ်​လျက်​နေ၏။-

ထို​လူ​ရိုင်း​တို့​သည် မြင်​လျှင်၊ ဤ​လူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ အ​မှန်​ဖြစ်၏။ ပင်​လယ်​ဘေး​မှ လွတ်​သော်​လည်း၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ တ​ရား​သည် အ​ခွင့်​မ​ပေး​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။-

ဟေ​လ​သ​လူ​ဖြစ်​စေ၊ လူ​ရိုင်း​ဖြစ်​စေ၊ ပ​ညာ​ရှိ​ဖြစ်​စေ၊ ပ​ညာ​မဲ့​ဖြစ်​စေ၊ လူ​အ​မျိုး​မျိုး​တို့၏​ကြွေး​သည် ငါ၌​တင်​လျက်​ရှိ၏။-

ယုံ​ကြည်​အား​နည်း​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။ သို့​ရာ​တွင် ယုံ​မှား​ဖွယ်​သော ပြဿ​နာ​တို့​ကို ထို​သူ​နှင့် မ​ဆွေး​နွေး​ကြ​နှင့်။ အ​စာ​အ​မျိုး​မျိုး​ကို စား​အပ်​သည်​ဟု လူ​အ​ချို့​ယုံ၏။-

အ​မျိုး​မျိုး​ကို စား​သော​သူ​သည် မ​စား​သော​သူ​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ မ​စား​သော​သူ​သည်​လည်း၊ စား​သော​သူ​ကို မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။-

အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ကိုယ်​အ​လို​အ​လျောက် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ ကျမ်း​စာ​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ရှိ​လျက်​ပင် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သင်​ကို တ​ရား​တွေ့၍ အ​ရှုံး​ခံ​စေ​မည်​မ​ဟုတ်​လော။-

ဘာ​သာ​စ​ကား၏​အ​နက်​ကို ငါ​နား​မ​လည်​လျှင်၊ ပြော​သော​သူ​အား ငါ​သည် လူ​ရိုင်း​ဖြစ်​လိမ့်​မည်။ ပြော​သော​သူ​သည်​လည်း၊ ငါ့​အား လူ​ရိုင်း​ဖြစ်​လိမ့်​မည်။-

ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။

ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။

အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ