Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 28:17

Judson Bible

သုံး​ရက်​လွန်​သော​အ​ခါ၊ ပေါ​လု​သည် ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​ကို ခေါ်၍​စု​ဝေး​စေ​ပြီး​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​မျိုး​ကို မ​ပြစ်​မှား၊ မိ​စဉ်​ဘ​ဆက် ကျင့်​သော​ထုံး​တမ်း​ကို မ​ပယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို အ​ကျဉ်း​ထား၍ ရော​မ​လူ​တို့​လက်​သို့ အပ်​လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​စင်​စစ် ကျွန်ုပ်​ကို ဟေ​ဗြဲ​ပြည်​မှ​ခိုး​ယူ​ခဲ့​ကြ၏။ ဤ​ပြည်​မှာ​လည်း ကျွန်ုပ်၌​အ​ပြစ်​မ​ရှိ​ဘဲ ထောင်​ထဲ​မှာ​လှောင်​ထား​ကြ​သည်​ဟု​ဆို​လေ၏။

ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။-

ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။

မြင်း​စီး​သူ​ရဲ​တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင်၊ စစ်​သူ​ကြီး၏​စာ​ကို မြို့​ဝန်​မင်း​လက်​သို့​အပ်​ပေး၍၊ ပေါ​လု​ကို​လည်း ရှေ့​တော်၌ သွင်း​ထား​ကြ၏။-

ပေါ​လု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏ တ​ရား​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​ရပ်​ပါ၏။ ထို​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​အပ်​ပါ၏။ ကိုယ်​တော်​သည် အ​မှန်​သိ​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​တို့​ကို အ​လျှင်း​မ​ပြစ်​မှား​ပါ။-

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​သည်၊-

ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​တ​ရား​ကို မ​ပြစ်​မှား​ပါ။ ဗိ​မာန်​တော်​ကို မ​ပြစ်​မှား​ပါ။ ကဲ​သာ​ဘု​ရင်​ကို မ​ပြစ်​မှား​ပါ​ဟူ၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ပြော​လေ၏။-

ထို​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို ဖျက်​ဆီး၍၊ ငါ​တို့​အား မော​ရှေ​အပ်​ပေး​သော ထုံး​နည်း​ဥ​ပ​ဒေ​ကို ပြောင်း​လဲ​စေ​မည်​ဟု ဤ​သူ​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ