မိုးလင်းသောအခါ ထိုအရပ်ကို မသိသော်လည်း၊ ထောင့်ကွေ့တစ်ခု၌ သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။-
သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။-
ကျောက်ဆူးတို့ကို လွှတ်၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည်၍၊ ရွက်ကိုလေ၌ ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။-
ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။-