ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကိုချ၍ မိုးလင်းပါစေဟု ဆုတောင်းကြ၏။-
နံနက်ကိုမျှော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကိုမျှော်လင့်လျက်နေ၏။
သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှာ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။-
သို့သော်လည်း တစ်စုံတစ်ခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟု ပေါလုဆို၏။
ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှ စိုးစည်းလွန်ပြန်လျှင်၊ တစ်ဖန်ရေကိုစမ်း၍ တစ်ဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။-
သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည်ဟု အကြံရှိသည်နှင့် သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္ဗန်ကိုလျှော့စဉ်တွင်၊-
သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက်အချိန်၌ သင်က၊ ညရောက်ပါစေဟူ၍လည်းကောင်း၊ ညအချိန်၌ နံနက်ရောက်ပါစေ ဟူ၍လည်းကောင်း ဆုတောင်းရလိမ့်မည်။
ထိုမျှော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။-