Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 27:20

Judson Bible

နေ၊ လ၊ ကြယ်​န​က္ခတ်​တို့​ကို တာ​ရှည်​စွာ မ​မြင်​ရ၍ မိုး​သက်​မုန်​တိုင်း အား​ကြီး​သေး​သ​ဖြင့်၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​စ​ရာ​အ​ခွင့် အ​လျှင်း​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မှောင်​မိုက်​ကို​စေ​လွှတ်၍၊ မိုက်​မဲ​စေ​တော်​မူ၏။ သူ​တို့​သည် နှုတ်​က​ပတ်​တော်​ကို ဆန့်​ကျင်​ဘက်​မ​ပြု​ရ​ကြ။

ဝေး​စွာ​ခ​ရီး​သွား၍ ပင်​ပန်း​သော်​လည်း စိတ်​မ​ပျက်။ ကြိုး​စား၍ အ​သက်​လွတ်​သော​ကြောင့် အား​လျော့​ခြင်း​မ​ရှိ။

သင်၏​ခြေ​နင်း​ကို မ​ပျက်​စေ​နှင့်။ ရေ​ငတ်​ခြင်း​အ​ကြောင်း​ကို မ​ပြု​နှင့်​ဟု ဆို​သော်​လည်း၊ သင်​က မျှော်​လင့်​စ​ရာ​မ​ရှိ၊ အ​လျှင်း​မ​ရှိ။ သူ​တစ်​ပါး​တို့​ကို ငါ​ချစ်၍၊ သူ​တို့​နောက်​သို့ လိုက်​မည်​ဟု ပြန်​ပြော၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ပြင်း​စွာ​သော​လေ​ကို ပင်​လယ်​ပေါ်​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်၌ ကြီး​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ သင်္ဘော​သည် ပျက်​လု​သော​လ​က္ခ​ဏာ​ရှိ၏။

ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက် ရုတ်​ခ​နဲ နေ​သည်​မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​ကို​မ​ပေး။ ကြယ်​တို့​သည် ကောင်း​ကင်​မှ ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-

သုံး​ရက်​မြောက်​သော​နေ့၌ သင်္ဘော​တန်​ဆာ​များ​ကို ကိုယ်​လက်​နှင့် ကိုင်​ယူ၍ ပစ်​လိုက်​ကြ၏။-

အ​စာ​ကို​မ​စား​ဘဲ ကြာ​မြင့်​စွာ နေ​ကြ​ပြီး​မှ၊ ပေါ​လု​သည် ထို​သူ​တို့၏ အ​လယ်၌​ထ၍၊ အ​ချင်း​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်၍ က​ရေ​တေ​ကျွန်း​မှ မ​လွှင့်​ဘဲ​နေ​လျှင် ဤ​ပျက်​စီး​ဆုံး​ရှုံး​ခြင်း​နှင့် ကင်း​လွတ်​ရ​ကြ၏။-

သုံး​ကြိမ်​မြောက်​အောင် ကြိမ်​လုံး​နှင့် ရိုက်​ခြင်း​ကို​လည်း​ကောင်း၊ တစ်​ကြိမ် ခဲ​နှင့် ပစ်​ခြင်း​ကို​လည်း​ကောင်း ငါ​ခံ​ရ​ပြီ။ သုံး​ကြိမ်​မြောက်​အောင် သင်္ဘော​ပျက်​ခြင်း​ကို ခံ​ရ​ပြီ။ တစ်​နေ့​နှင့် တစ်​ည​ပတ်​လုံး ပင်​လယ်​ထဲ​မှာ နေ​ရ​ပြီ။-

ထို​အ​ခါ သင်​တို့​သည် ခ​ရစ်​တော်​ကို​မ​သိ၊ ဣ​သ​ရေ​လ​အ​ပေါင်း၌ မ​ဝင်၊ က​တိ​တော်​ပါ​သော ပ​ဋိ​ညာဉ် တ​ရား​တို့​နှင့်​မ​ဆိုင်၊ မျှော်​လ​င့်​ခြင်း​မ​ရှိ၊ လော​က၌ ဘု​ရား​မဲ့ နေ​ကြ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​ကြ​လော့။-

ညီ​အစ်​ကို​တို့၊ မျှော်​လ​င့်​ခြင်း​မ​ရှိ​သော အ​ခြား​သူ​တို့​သည် ဝမ်း​နည်း​သ​ကဲ့​သို့၊ သင်​တို့​သည် ဝမ်း​မ​နည်း​မည်​အ​ကြောင်း၊ အိပ်​ပျော်​သော သူ​တို့၏ အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​တို့​အ​လို​မ​ရှိ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ