Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 27:13

Judson Bible

တောင်​လေ​သည် ဖြည်း​ညင်း​စွာ​လာ​သော​အ​ခါ၊ ယ​ခု​မီ​နိုင်​သည်​ဟု စိတ်​ထင်​နှင့်​လွှင့်၍၊ က​ရေ​တေ​ကျွန်း​နား​သို့ လျှောက်​သွား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မြေ​ပေါ်​မှာ တောင်​လေ​ဖြင့် အ​ချမ်း​ပျောက်​စေ​တော်​မူ​သော​အ​ခါ၊ သင်၏​အ​ဝတ်​သည် အ​ဘယ်​သို့​သော​အား​ဖြင့် နွေး​သည်​ကို​လည်း​ကောင်း နား​လည်​သ​လော။

မိုး​ကောင်း​ကင်၌ အ​ရှေ့​လေ​ကို​ပယ်၍၊ အား​ကြီး​သော တောင်​လေ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊

မြောက်​လေ၊ နိုး​ပါ။ တောင်​လေ၊ လာ​ပါ။ ငါ့​ဥ​ယျာဉ်​အ​ပေါ်​သို့​လာ​ကြ​ပါ။ မွှေး​ကြိုင်​သော အ​နံ့​သည် ပျံ့​လှိုင်​ပါ​စေ။ ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်​သို့​ဝင်၍၊ ချို​သော​အ​သီး​ကို စား​တော်​မူ​ပါ​စေ။

တောင်​လေ​လာ​သည်​ကို မြင်​သော​အ​ခါ နေ​ပူ​မည်​ဟု ဆို​တတ်၏။ ဆို​သည်​အ​တိုင်း​လည်း ဖြစ်​တတ်၏။-

က​ရေ​တေ​ပြည်​သား၊ အာ​ရပ်​ပြည်​သား၊ အ​သီး​အ​သီး​ဖြစ်​ကြ​သော​ငါ​တို့​အား ဤ​သူ​များ​သည် ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​အ​မျိုး​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို ကြား​ရ​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-

ထို​မြို့​ဆိပ်၌ ဆောင်း​ကာ​လ​ပတ်​လုံး မ​နေ​သင့်​သော​ကြောင့် တစ်​ဖန်​လွှတ်​ပြန်၍ ဖိ​နိတ်​မြို့​ဆိပ်​သို့​မီ​နိုင်​လျှင်၊ ထို​ဆိပ်၌ ဆောင်း​ကာ​လ​ကို လွန်​စေ​သော် သာ၍​ကောင်း​မည်​ဟု လူ​အ​များ​တို့​သည် ဆို​ကြ၏။ ဖိ​နိတ်​ဆိပ်​ကား က​ရေ​တေ​ကျွန်း၌ ရှိ၏။ အ​နောက်​မြောက်​သို့​လည်း​ကောင်း၊ အ​နောက်​တောင်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၏။

အ​စာ​ကို​မ​စား​ဘဲ ကြာ​မြင့်​စွာ နေ​ကြ​ပြီး​မှ၊ ပေါ​လု​သည် ထို​သူ​တို့၏ အ​လယ်၌​ထ၍၊ အ​ချင်း​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်၍ က​ရေ​တေ​ကျွန်း​မှ မ​လွှင့်​ဘဲ​နေ​လျှင် ဤ​ပျက်​စီး​ဆုံး​ရှုံး​ခြင်း​နှင့် ကင်း​လွတ်​ရ​ကြ၏။-

လာ​သဲ​မြို့​နှင့်​အ​နီး၊ ကာ​လု​လိ​မင်း​အ​မည်​ရှိ​သော အ​ရပ်​သို့ ရောက်​ကြ၏။

သူ​တို့​အ​ပါ​အ​ဝင်၊ အ​မျိုး​သား​ချင်း​ပ​ရော​ဖက် ဆ​ရာ​တစ်​ယောက်​က၊ က​ရက်​သား​မြဲ၊ မု​သား​စွဲ​လမ်း၊ သား​ရဲ​ကြမ်း​ကြုတ်၊ စား​ကြူး​တုတ်​တုတ်၊ လူ​ယုတ်​ပေ​ဟု စပ်​ဆို​သ​တည်း။-

ငါ​သည် သင့်​ကို မှာ​ထား​ခဲ့​နှင့်​သည်​အ​တိုင်း၊ က​ရေ​တေ​ကျွန်း၌ မ​စုံ​လင်​သ​မျှ​တို့​ကို ပြင်​ဆင်၍၊ မြို့​ရွာ​များ၌ သင်း​အုပ်​တို့​ကို ခန့်​ထား​စေ​ခြင်း​ငှာ၊ ထို​ကျွန်း၌ သင့်​ကို ငါ​ထား​ခဲ့​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ