တမန်တော်ဝတ္ထု 26:7Judson Bibleယုဒလူတစ်ဆယ်နှစ်မျိုးတို့သည် နေ့ညမပြတ် ကြိုးစား၍ ဘုရားဝတ်ကိုပြုသဖြင့်၊ ထိုကတိတော်အတိုင်း ခံရမည်ဟု မျှော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမျှော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။- အခန်းကိုကြည့်ပါ။ |
သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာသော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဖို့ နွား တစ်ဆယ်နှစ်ကောင်၊ သိုးထီး ကိုးဆယ်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ် တစ်ဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။
ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။-
ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌ အပြစ်ဖြေစရာစကားကို ယနေ့ပြောရမည် အကြောင်းကိုလည်းကောင်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကို လေ့ကျက်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိသည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့် သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။
ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကိုလည်းကောင်း၊ ထမြောက်တော်မူခြင်း၏ တန်ဖိုးကိုလည်းကောင်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကိုလည်းကောင်း၊ သိကျွမ်းခြင်းငှာ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။