အခြားသို့သွားပြီလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်း ခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ၏။-
လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါသနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။
ထိုအခါ မှူးမတ်အစရှိသော လူများအပေါင်းတို့က၊ ဤသူသည် အသေခံထိုက်သည် မဟုတ်။ ငါတို့ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့အားဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား ပြောဆိုကြ၏။
ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊-
အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။-
အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌နေသော ကျမ်းဆရာတို့သည် ထလျက် ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နာမ်ဝိညာဉ်သော်လည်းကောင်း၊ ကောင်းကင်တမန်သော်လည်းကောင်း သူ့ကိုပြောလျှင်၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။-
သူသည် သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍လည်းကောင်း၊ သူသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆို၍လည်းကောင်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှာ ကျွန်ုပ်စီရင်၏။-
ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှာ အလိုရှိကြ၏။-
ခရစ်တော်၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ၊ ကိုယ်တိုင် ရှက်ကြောက်ခြင်းမရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် နေကြလော့။-