Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 26:18

Judson Bible

သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

90 ပူးပေါင်းရင်းမြစ်များ  

တ​ရား​တော်၌ အံ့​ဖွယ်​သော​အ​ရာ​တို့​ကို မြင်​နိုင်​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​မျက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် မျက်​စိ​ကန်း​သော​သူ​တို့​ကို မြင်​စေ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ၏။

ထို​ကာ​လ၌ နား​ပင်း​သော​သူ​တို့​သည် ကျမ်း​စ​ကား​ကို ကြား​ကြ​လိမ့်​မည်။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မြှေး​ရှက်​ခြင်း၊ မှောင်​မိုက်​ခြင်း​နှင့် ကင်း​လွတ်၍ မြင်​ကြ​လိမ့်​မည်။

မျက်​စိ​မြင်​သော​သူ​တို့​သည် ရှင်း​လင်း​စွာ မြင်​ကြ​လိမ့်​မည်။ နား​ကြား​သော​သူ​တို့​လည်း နား​ထောင်​ကြ​လိမ့်​မည်။

ထို​အ​ခါ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​ကြ​လိမ့်​မည်။ နား​ပင်း​သော​သူ​တို့​သည် နား​ပင်း​ခြင်း​နှင့် လွတ်​ကြ​လိမ့်​မည်။

မျက်​စိ​ကန်း​သော​သူ​တို့​ကို မိ​မိ​တို့​မ​သိ​သော​လမ်း​ဖြင့် ငါ​ဆောင်​မည်။ မိ​မိ​တို့ မ​ကျွမ်း​သော​ခ​ရီး၌ သွား​စေ​မည်။ သူ​တို့​ရှေ့​မှာ မှောင်​မိုက်​ကို လင်း​စေ​မည်။ ကောက်​သော​လမ်း​ကို​လည်း ဖြောင့်​စေ​မည်။ ထို​သို့​သော​ကျေး​ဇူး​ကို ပြု​မည်။ သူ​တို့​ကို မ​စွန့်​ပစ်။

လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။

မျက်​စိ​ရှိ​လျက်​ပင် မျက်​စိ​ကန်း​သော​သူ​နှင့်၊ နား​ရှိ​လျက်​ပင် နား​ပင်း​သော​သူ​တို့​ကို ဆောင်​ခဲ့​လော့။

သင်​သည် ယာ​ကုပ်၏​အ​မျိုး​အ​နွယ်​တို့​ကို ချီး​မြှောက်​ခြင်း၊ ဘေး​လွတ်​သော ဣ​သ​ရေ​လ​သား​တို့​ကို အ​ရင်​ကဲ့​သို့ ဖြစ်​စေ​ခြင်း​အ​လို​ငှာ​သာ၊ ငါ့​အ​မှု​ကို​ဆောင်​ရွက်​သော​အ​မှု​သည် သာ​မ​ည​အ​မှု ဖြစ်၏။ ထို​အ​မှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့ လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။

မှောင်​မိုက်​ထဲ​မှာ သွား​လာ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင်​ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏။

ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။

ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-

မှောင်​မိုက်​ထဲ​မှာ​ရှိ​နေ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏​ဟု ဟော​ထား​သ​တည်း။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့် အ​ပြစ်​ဖြေ၍ ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ကြောင်း​ကို ဘု​ရား​သ​ခင်၏​လူ​မျိုး​အား ဖော်​ပြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ပြင်​ဆင်​ခြင်း​ငှာ သင်​သည် ရှေ့​တော်၌​သွား​ရ​လိမ့်​မည်။-

မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။-

ထို​အ​ခါ ကျမ်း​စာ​ကို နား​လည်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့၏ ဉာဏ်​ကို ဖွင့်​တော်​မူ​လျှင်၊-

ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။-

ကိုယ်​တော်၏​သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​နှုတ်​က​ပတ်​သည် သ​မ္မာ​တ​ရား​ဖြစ်​ပါ၏။-

အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြောင်း​ကား၊ အ​လင်း​သည် ဤ​လော​က​သို့​ဝင်၍၊ လူ​တို့​သည် မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​ကြောင့်၊ အ​လင်း​ထက် မှောင်​မိုက်​ကို သာ၍​နှစ်​သက်​ကြ၏။-

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ဆို​သော​သူ​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သည်​သိ​လျှင် ထို​သူ​ကို​တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း အ​သက်​ရေ​ကို ပေး​လိမ့်​မည်​ဟု ပြန်၍ မိန့်​တော်​မူ​သော်၊-

ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ထို​အ​ခါ ယေ​ရှု​က​လည်း၊ မျက်​စိ​မ​မြင်​သော​သူ​သည် မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်​သော​သူ​ကို မျက်​စိ​ကန်း​စေ ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် တ​ရား​စီ​ရင်၍ ဤ​လော​က​သို့ ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။-

ငါ​သည် ဤ​လော​က၌ ရှိ​စဉ်​တွင် ဤ​လော​က၏​အ​လင်း​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-

ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် နာ​မ​တော်​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟူ၍ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ထို​သ​ခင်၏ သက်​သေ​ခံ​ဖြစ်​ကြ​သည်​ဟု ပေ​တ​ရု​မြွက်​ဆို၏။

မှာ​တော်​မူ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ကား၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သားတို့​လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား၏​ဟု ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ရဲ​ရင့်​စွာ ပြော​ဆို​ကြ၏။-

ယုံ​ကြည်​ခြင်း​အား​ဖြင့်​လည်း သူ​တို့၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​စေ၍ ငါ​တို့​ကို ခြား​နား​စေ​တော်​မ​မူ။-

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။

ညီ​အစ်​ကို​တို့၊ ယ​ခု​ငါ​သည်​သင်​တို့​ကို ဘု​ရား​သ​ခင်၌ အပ်​နှံ၏။ သင်​တို့​ကို တည်​ဆောက်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​နှင့် အ​တူ သင်​တို့​အား အ​မွေ​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​တ​ရား၌​လည်း သင်​တို့​ကို​ငါ​အပ်​နှံ၏။-

အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကောင်း​ကင်​က​ဖြစ်​သော ထို​ဗျာ​ဒိတ်​တော်​ကို အ​ကျွန်ုပ်​သည် နား​မ​ထောင်​ဘဲ မ​နေ​ရ​ပါ။-

ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊-

ဣ​သ​ရေ​လ​လူ​တို့​အား နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို ပေး​စေ​ခြင်း​ငှာ၊ ထို​သူ​ကို အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း၊ ကယ်​တင်​သော သ​ခင်​အ​ရာ၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား၍ မိ​မိ​လက်​ယာ​လက်​တော်​နှင့် ချီး​မြှင့်​တော်​မူ​ပြီ။-

သား​မှန်​လျှင် အ​မွေ​ခံ၊ ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​ဖြစ်​ကြ၏။ ခ​ရစ်​တော်​နှင့်​အ​တူ ဘုန်း​ဝင်​စား​မည်​အ​ကြောင်း၊ ထို​သ​ခင်​နှင့်​အ​တူ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ​လျှင်၊ ထို​သ​ခင်​နှင့်​ဆက်​ဆံ​သော အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​ပြစ်​နှင့်​ကင်း​စင်၍ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော​သူ​တည်း​ဟူ​သော၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရပ်၌ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-

ထို​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​သည် ယေ​ရှု​ခ​ရစ်၌ တည်​နေ​ကြ၏။ ထို​သ​ခင်​မူ​ကား၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့၌ ပ​ညာ​မှ​စ၍ ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း၊ ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ၏။-

ထို​သို့ မ​ယုံ​ကြည်​သော​သူ​တို့​ကား၊ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော် တည်း​ဟူ​သော ခ​ရစ်​တော်၏ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​ရောင်​သည် အ​လင်း​ကို​မ​ပေး​စေ​ခြင်း​ငှာ၊ ဤ​လော​က​ကို အ​စိုး​ရ​သော​ဘု​ရား​သည် သူ​တို့၏ ဉာဏ်​မျက်​စိ​ကို ကွယ်​စေ၏။-

မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်၍ ဆန့်​ကျင်​ဘက်​ဖြစ်​သော ထမ်း​ပိုး​ကို မ​ထမ်း​ကြ​နှင့်။ တ​ရား​သော​အ​မှု​သည် မ​တ​ရား​သော​အ​မှု​ကို အ​ဘယ်​သို့ လက်​ခံ​နိုင်​မည်​နည်း။ အ​လင်း​သည်​မှောင်​မိုက်​နှင့် အ​ဘယ်​သို့ ဆက်​ဆံ​နိုင်​မည်​နည်း။-

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​ခံ​ရ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​သည်​ဖြစ်၍၊ ငါ​တို့​သည် က​တိ​တော်​နှင့် ယှဉ်​သော ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​မည်​အ​ကြောင်း​တည်း။

ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဝိ​ညာဉ်​တော်​ကို ခံ​ရ​ကြ​သ​လော။ သို့​မ​ဟုတ် ယုံ​ကြည်​ခြင်း​တ​ရား​ကို ကြား​နာ​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​သ​လော​ဟူ​သော အ​ရာ​တစ်​ခု​ကို​သာ သင်​တို့၌​ငါ​သိ​လို၏။-

မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။-

ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊-

ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။-

ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။-

ထို​သူ​တို့​သည် ဉာဏ်​အ​လင်း​ကွယ်​သည်​ဖြစ်၍၊ စိတ်​နှ​လုံး မိုက်​မဲ​သော​အား​ဖြင့် အ​လျှင်း​မ​သိ သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​သက်​နှင့် ကွာ​ရှင်း​လျက်​ရှိ​ကြ၏။-

အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။-

ထို​ကြောင့် အိပ်​ပျော်​သော​သူ​နိုး​လော့။ သေ​ခြင်း​မှ ထ​မြောက်​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​သည် အ​လင်း​ကို သင့်​အား ပေး​တော်​မူ​မည်​ဟု ဆို​သ​တည်း။

အ​ထက်​ကာ​လ၌ သင်​တို့​သည် မှောင်​မိုက်​အ​တိ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သ​ခင်​ဘု​ရား၌ အ​လင်း​ဖြစ်​ကြ၏။ သို့​ဖြစ်၍ အ​လင်း၏​သား​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။-

မာရ်​နတ်၏ အ​လို​အ​တိုင်း ဖမ်း​မိ​သော​ထို​သူ​တို့​သည် သ​တိ​ရ၍၊ ထို​ဖမ်း​မိ​ရာ​မှ လွတ်​ခြင်း​သို့ ရောက်​ကောင်း ရောက်​ကြ​လိမ့်​မည်။

ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်၏ ကိုယ်​တော်​ကို တစ်​ခါ​တည်း ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​တို့​သည် စင်​ကြယ်​ခြင်း​သို့ ရောက်​ကြ၏။

အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။-

ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-

ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​လက်​ထက်၌ ပြစ်​မှား​သော​အ​ပြစ်​ကို​လည်း လွတ်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည် ဖြစ်၍၊ ခေါ်​တော်​မူ​သော သူ​တို့​သည် က​တိ​တော်​နှင့်​ယှဉ်​သော ထာ​ဝ​ရ​အ​မွေ​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထို​သ​ခင်​သည် ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​ဖြစ်​တော်​မူ၏။-

ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။-

ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။-

သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

ချစ်​သား​တို့၊ သင်​တို့​သည် ထို​သ​ခင်၏ နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​နှင့် ကင်း​လွတ်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-

မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် မာရ်​နတ်၏​လက်၌ ရှိ​ကြ​သည်​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ၏။-

ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော ယာ​ကုပ်​ညီ ငါ​ယု​ဒ​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင် သန့်​ရှင်း​စေ​တော်​မူ၍၊ ယေ​ရှု​ခ​ရစ် ခေါ်​ထား​စောင့်​မ​တော်​မူ​သော သူ​တို့​ကို ကြား​လိုက်​ပါ၏။-

ညစ်​ညူး​သော​အ​ရာ၊ စက်​ဆုပ်​ဖွယ်​သော​အ​ရာ၊ သ​စ္စာ​ပျက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ဝင်​ရ​ဘဲ၊ သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ စာ​ရင်း​ဝင်​သော သူ​တို့​သာ​လျှင် ဝင်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ