Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 26:13

Judson Bible

နေ၏​အ​ရောင်​ထက်​မ​က​သော အ​လင်း​သည် အ​ကျွန်ုပ်​မှ​စ၍ အ​ကျွန်ုပ်​နှင့်​အ​တူ သွား​သော​သူ​များ ပတ်​လည်၌ ကောင်း​ကင်​ထဲ​က ထွန်း​တောက်​သည်​ကို၊ မွန်း​တည့်​အ​ချိန်​တွင် လမ်း​ထဲ​မှာ အ​ကျွန်ုပ်​မြင်​ရ​ပါ​သည်။ အ​ရှင်​မင်း​ကြီး။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

လ​သည်​လည်း မျက်​နှာ​ပျက်​လိမ့်​မည်။ နေ​သည်​လည်း အ​ရှက်​ကွဲ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဇိ​အုန်​တောင်​ပေါ်​မှာ ယေ​ရု​ရှ​လင်​မြို့၌ မင်း​ပြု၍၊ အ​သက်​ကြီး​သူ​တို့​ရှေ့​တွင် ဘုန်း​ကြီး​တော်​မူ​လ​တ္တံ့။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏ ကျိုး​ပျက်​ရာ​ကို ပြု​ပြင်၍၊ သူ​တို့​ခံ​ရ​သော ဒဏ်​ချက်​ရာ​ကို ပျောက်​စေ​တော်​မူ​သော​အ​ခါ၊ လ၏​အ​လင်း​သည် နေ၏​အ​လင်း​ကဲ့​သို့​ဖြစ်၍၊ နေ၏​အ​လင်း​သည်​လည်း ပ​က​တိ​ထက် ခု​နစ်​ဆ​လင်း​လိမ့်​မည်။

သူ​တို့​ရှေ့၌ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့ ထွန်း​တောက်​လျက်၊ အ​ဝတ်​တော်​သည် အ​လင်း​ကဲ့​သို့ ဖြူ​လျက်​ရှိ၏။-

လမ်း၌​သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မွန်း​တည့်​အ​ချိန်​တွင် ကောင်း​ကင်​ထဲ​က ကြီး​သော​အ​လင်း​သည် အ​ကျွန်ုပ် ပတ်​လည်၌ ရုတ်​ခ​နဲ ထွန်း​တောက်​ပါ၏။-

အ​ကျွန်ုပ်​နှင့်​ပါ​သော​သူ​တို့​သည် ထို​အ​လင်း​ကို​မြင်၍ ကြောက်​ရွံ့​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​ကျွန်ုပ်​အား​ပြော​သော​သူ၏ စ​ကား​သံ​ကို မ​ကြား​မ​သိ​ရ​ကြ။-

ထို​သို့​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ပေး​သော အ​ခွင့်​အ​ရာ​နှင့် အ​ကျွန်ုပ်​သည် ဒ​မာ​သက်​မြို့​သို့ သွား​စဉ်​တွင်၊-

အ​ကျွန်ုပ်​နှင့် ထို​သူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်​မှာ လဲ၍​နေ​ကြ​စဉ်၊ ရှော​လု၊ ရှော​လု၊ ငါ့​ကို​အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့် ကျောက်​လျှင် ခက်​လှ​သည်​ဟု ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သော စ​ကား​သံ​ကို အ​ကျွန်ုပ်​ကြား​လျှင်၊-

သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကောင်း​ကင်​ထဲ​က အ​လင်း​သည် သူ့​ပတ်​လည်၍ ရုတ်​ခ​နဲ ထွန်း​တောက်​လေ၏။-

လက်​ယာ​လက်​တော်​သည်​လည်း ကြယ်​ခု​နစ်​လုံး​ကို ကိုင်၏။ ခံ​တွင်း​တော်​ထဲ​က​လည်း ထက်​သော​သန်​လျက် ထွက်၏။ မျက်​နှာ​တော်​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွန်း​တောက်​သော​နေ​ကဲ့​သို့ ဖြစ်၏။

ထို​မြို့​သည် နေ၏​အ​ရောင်၊ လ၏​အ​ရောင်​ကို အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​သည် ထို​မြို့​ကို လင်း​စေ၏။ သိုး​သ​ငယ်​သည်​လည်း ထို​မြို့၏ ဆီ​မီး​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ