Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 26:10

Judson Bible

ယေ​ရု​ရှ​လင်​မြို့၌ ထို​အ​မှု​ကို ပြု​မိ​ပါ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ အ​ခွင့်​ရ​ပြီး​လျှင်၊ သန့်​ရှင်း​သူ​အ​များ​တို့​ကို ထောင်​ထဲ​မှာ လှောင်​ထား​ပါ၏။ သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ အ​ကျွန်ုပ်​သည် ဝန်​ခံ​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ပြည်​တော်၌​နေ​သော​သန့်​ရှင်း​သူ​နှင့် ထူး​ဆန်း​သော​သူ​တို့​ကို​သာ နှစ်​သက်​ပါ၏။

မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​မှ ကျောက်​ခဲ​နှင့် ပစ်​ကြ၏။ သက်​သေ​ခံ​တို့​သည်​လည်း မိ​မိ​တို့​အ​ဝတ်​ကို ရှော​လု​အ​မည်​ရှိ​သော လု​လင်၏​ခြေ​ရင်း၌ ထား​ကြ၏။-

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ပြင်း​စွာ​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့၌ အ​နှံ့​အ​ပြား ကွဲ​ပြား​ကြ၏။-

ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။

ကြား​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ဤ​သူ​ကား၊ ထို​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ ဖျက်​ဆီး​သည် သာ​မ​က၊ ထို​သူ​များ​ကို​ချည်​နှောင်၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ ပို့​ဆောင်​ခြင်း​ငှာ ဤ​အ​ရပ်​သို့ လာ​သော​သူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။-

ယေ​ရု​ရှင်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တ​ပည့်​တော်​တို့​နှင့် ပေါင်း​ဖော်​မည်​ပြု​သော်၊ သူ​သည် တ​ပည့်​တော်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့​သည် မ​ယုံ​သ​ဖြင့် သူ့​ကို​ကြောက်​ရွံ့​ကြ၏။-

ပေ​တ​ရု​သည် အ​ရပ်​ရပ်​တို့​ကို လှည့်​လည်​သည်​တွင် သန့်​ရှင်း​သူ​တို့​ရှိ​ရာ လု​ဒ္ဒ​မြို့​သို့​ရောက်​လေ၏။-

ပေ​တ​ရု​သည် မိ​မိ​လက်​ကို သူ့​အား​ပေး၍ ချီ​ကြွ​ပြီး​မှ၊ သန့်​ရှင်း​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို​ခေါ်၍ အ​သက်​ရှင်​လျက်​ရှိ​သော ထို​မိန်း​မ​ကို ပြ​လေ၏။-

ငါ​သည် အ​ထက်​က ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အ​ညံ့​ဆုံး​သော တ​မန်​တော်​ဖြစ်၏။ တ​မန်​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ထိုက်။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ အ​ထက်​က ယု​ဒ​ဘာ​သာ၌​နေ၍ ငါ​ကျင့်​သော​အ​ကျင့်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန် ညှဉ်း​ဆဲ​ဖျက်​ဆီး ကြောင်း​ကို​လည်း​ကောင်း၊-

ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ဧ​ဖက်​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​သူ​တို့​ကို ကြား​လိုက်​ပါ၏။-

ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ယေ​ရှု၏ သက်​သေ​ခံ​တို့၏ အ​သွေး​နှင့် ယစ်​မူး​သည်​ကို ငါ​မြင်၏။ ထို​သို့​မြင်​သော​အ​ခါ အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ