ထိုအခါ အဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဖို့အလိုငှာ ပြောရသောအခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။-
သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
ငါသည်ခေါ်၍ သင်တို့သည်ငြင်းပယ်သောကြောင့်လည်းကောင်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှ မမှတ်သောကြောင့်လည်းကောင်း၊
အကျိုးအကြောင်းကို မစစ်မီ၊ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
ကိုယ်အမှုကို အဦးစောင့်၍ ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
ထိုကြောင့်၊ ငါသည် လက်ကိုဆန့်လျက် သင်၏ရိက္ခာကိုဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။
ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟု ဆိုလျှင်၊-
ညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊-
ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူသည် အပြစ်တင်သော သူတို့နှင့် မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှာ မစွန့်မအပ်ရဟု ရောမထုံးစံရှိကြောင်းကို ပြောဆို၏။-
အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည်ထင်ပါသည် ဟုဆို၏။
အဂြိပ္ပမင်းကြီး၊-
သခင်ဘုရားကလည်း၊ ထိုသူကား တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့လည်းကောင်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သော တန်ဆာဖြစ်၏။-
ဣသရေလလူတို့ကို ရည်မှတ်၍ တစ်ဖန် မိန့်တော်မူသည်ကား၊ နားမထောင် ငြင်းဆန်တတ်သော လူမျိုးသို့ တစ်နေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။