Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 25:19

Judson Bible

သေ​ပြီး​သော သူ​တစ်​ယောက်​နှင့်​လည်း​ကောင်း ယှဉ်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍ အ​ပြစ်​တင်​ကြ၏။ ထို​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု ပေါ​လု​ဆို​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​သည် ငါ​တို့​နှင့်​ခွာ၍ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သည်​နေ့​ရက်​တိုင်​အောင်၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထွက်​ဝင်​သွား​လာ​တော်​မူ​သော ကာ​လ​ပတ်​လုံး ငါ​တို့​နှင့်​ပေါင်း​ဖော်၍​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​သည်၊ ထို​သ​ခင်​ထ​မြောက်​တော်​မူ​သည် အ​ကြောင်း​ကို ဟော​ပြော၍ ငါ​တို့​နှင့်​အ​တူ သက်​သေ​ခံ​ဖြစ်​ရ​မည်​ဟု ပေ​တ​ရု​ပြော​ဆို၏။-

အ​ကြောင်း​မူ​ကား၊ ခန့်​ထား​တော်​မူ​သော သူ​အား​ဖြင့် လော​ကီ​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ညီ​လျော်​စွာ စစ်​ကြော​စီ​ရင် မည့်​နေ့​ရက်​ကို ချိန်း​ချက်​တော်​မူ​ပြီ။ ထို​သူ​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့် ခပ်​သိမ်း​သော​လူ​တို့​အား ယုံ​လောက်​သော သက်​သေ​ကို​ပြ​တော်​မူ​ပြီ​ဟု ပေါ​လု​ဟော​ပြော၏။-

သို့​မ​ဟုတ် စ​ကား​သော်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​ခြင်း​သော်​လည်း​ကောင်း၊ သင်​တို့၏ ဘာ​သာ​တ​ရား​သော်​လည်း​ကောင်း၊ သင်​တို့​သည်​အ​စီ​ရင်​ခံ​လျှင် ကိုယ်​အ​မှု​ကို စောင့်​ကြ​လော့။ ထို​သို့​သော အ​မှု​ကို​စီ​ရင်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု​ဆို​လျက်၊-

ဧ​ဖက်​မြို့​သို့​ရောက်​လျှင်၊ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ယု​ဒ​လူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​လေ၏။-

ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-

အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း​ကို ခံ​ထိုက်​သော အ​ပြစ်​ကြောင့် အ​မှု​လုပ်​ကြ​သည်​မ​ဟုတ်​ဘဲ၊ သူ​တို့​တ​ရား​နှင့် စပ်​ဆိုင်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍​သာ အ​မှု​လုပ်​ကြ​သည်​ကို အ​ကျွန်ုပ်​သိ​မြင်​ပါ၏။-

သူ့​ကို အ​မှု​လုပ်​သော သူ​တို့​သည် လာ​ကြ​လျှင်၊ ကျွန်ုပ်​အ​ထက်​က ထင်​မှတ်​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တင်​ဘဲ​လျက်၊ မိ​မိ​ဘာ​သာ​နှင့်​လည်း​ကောင်း၊ ယေ​ရှု​အ​မည်​ရှိ​သော၊-

ပေါ​လု​ရောက်​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဝန်း​ရံ​လျက်၊ သက်​သေ​မ​ပြ​နိုင်​ဘဲ လေး​စွာ​သော​အ​ပြစ်​များ​တို့​ကို ပေါ​လု​အ​ပေါ်၌​တင်​ကြ၏။-

ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​သ​မျှ​သော​အ​ရာ​မှာ၊ ရှေ့​တော်၌ အ​ပြစ်​ဖြေ​စ​ရာ​စ​ကား​ကို ယ​နေ့​ပြော​ရ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က ကိုယ်​တော်​သည် ယု​ဒ​ထုံး​တမ်း၊ ပု​စ္ဆာ​အ​မေး​များ​ကို လေ့​ကျက်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ထောက်၍ ကိုယ်၌​မင်္ဂ​လာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​မှတ်​ပါ၏။ ထို​ကြောင့် သည်း​ခံ​သော စိတ်​တော်​နှင့် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပါ၏။

အ​သက်​ရှင်​သော​သူ​လည်း ဖြစ်၏။ ငါ​သည် အ​ရင်​သေ​သည် ဖြစ်၍၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​နှင့် ပြည့်​စုံ၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို​လည်း ငါ​အ​စိုး​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ