တမန်တော်ဝတ္ထု 25:11Judson Bibleအကျွန်ုပ်ပြစ်မှား၍ သေထိုက်သောအပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကို အကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစ်စုံတစ်ခုမျှ မမှန်လျှင်၊ သူတို့လက်သို့ အကျွန်ုပ်ကို အဘယ်သူမျှ မစွန့်မအပ်ရပါ။ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။- အခန်းကိုကြည့်ပါ။ |
မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန်မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှာ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။
တစ်ဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသောအရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊