Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 24:23

Judson Bible

ပေါ​လု​ကို အ​ကျဉ်း​မ​ထား​ဘဲ စောင့်၍​နေ​စေ။ သူ၏​အ​ဆွေ​အ​မျိုး​တို့​သည် သူ့​ထံ​သို့​လာ၍ လုပ်​ကျွေး​ကြ​စေ​ဟု တပ်​မှူး​ကို​မှာ​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရ​မိ​အ​မှု၌၊ ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​ကို မှာ​ထား​နှင့်​သည်​ကား၊

ထို​သို့​လမ်း​နား၌ ချောင်း၍​နေ​ကြ​သည်​အ​မှု​ကို ပေါ​လု၏ တူ​သည်​ကြား​လျှင်၊ ရဲ​တိုက်​ထဲ​သို့​ဝင်၍ ပေါ​လု​အား ကြား​ပြော​လေ၏။-

သင့်​ကို​အ​မှု​လုပ်​သော​သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ငါ​နား​ထောင်​မည်​ဟု ဆို၍၊ ပေါ​လု​သည် ဟေ​ရုဒ်​မင်း၏​အိမ်​တော်၌ အ​ချုပ်​ခံ​လျက်​နေ​စေ​ဟု စီ​ရင်​လေ၏။

ပေါ​လု​သည် မိ​မိ​လွတ်​ရ​အောင် ငွေ​ပေး​မည်​ဟု ထို​မင်း​သည်​ထင်​မှတ်​လျက်၊ မ​ကြာ​မ​ကြာ ပေါ​လု​ကို​ခေါ်၍ သူ​နှင့် စ​ကား​ပြော​လေ၏။-

ဖေ​တ္တု​မင်း​က​လည်း၊ ပေါ​လု​သည် ကဲ​သ​ရိ​မြို့၌ အ​ချုပ်​ခံ​လျက်​နေ​ရ၏။ ထို​မြို့​သို့​များ​မ​ကြာ ငါ့​ကိုယ်​တိုင် သွား​မည်။-

နက်​ဖြန်​နေ့​တွင် ဇိ​ဒုန်​မြို့၌​ဆိုက်​ကြ​ပြီး​လျှင်၊ ပေါ​လု​သည် မိ​မိ​အ​ဆွေ​ခင်​ပွန်း​တို့​ထံ​သို့​သွား၍ သူ​တို့၏​လုပ်​ကျွေး​ပြု​စု​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယု​လိ​သည် ကျေး​ဇူး​ပြု၍ အ​ခွင့်​ပေး​လေ၏။-

ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ တပ်​မှူး​သည် အ​ကျဉ်း​ခံ​သော​သူ​တို့​ကို ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ​သော်၊ ပေါ​လု​သည် မိ​မိ​ကို​စောင့်​သော စစ်​သူ​ရဲ​တစ်​ယောက်​နှင့်​အ​တူ မိ​မိ​အ​လို​အ​လျောက်​နေ​ရ​သော အ​ခွင့်​ကို​ရ၏။

အ​ဘယ်​သူ​မျှ​မ​မြစ်​တား​ဘဲ၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို အ​တည့်​အ​လင်း​ဟော​ပြော၍၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ကြောင်း​များ​ကို သွန်​သင်​ပြ​သ​လျက်​နေ၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​ထား​သော​တ​မန်​တော်​ဝ​တ္ထု​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ