Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 24:21

Judson Bible

အ​ကျွန်ုပ်​သည် သင်​တို့​ရှေ့၌ ယ​နေ့​စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ၏​ဟု ကြွေး​ကြော်​သော စ​ကား​သံ​တစ်​ခွန်း​ကို​ထား​လျှင်၊ အ​ကျွန်ုပ်၌ အ​ဘယ်​အ​ပြစ်​ကို တွေ့​ကြ​သည်​ကို ယ​ခု​ရှိ​သော ဤ​သူ​တို့​သည် ပြော​ကြ​ပါ​စေ​ဟု ပေါ​လု လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရာ​ရှိ​တို့​တွင် အ​ချို့​တို့​သည် ဇ​ဒ္ဒု​ကဲ​ဖြစ်​ကြ​သည်၊ အ​ချို့​တို့​သည် ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သည်​ကို ပေါ​လု​သိ​မြင်​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ဖာ​ရိ​ရှဲ​ဖြစ်၏။ ဖာ​ရိ​ရှဲ၏​သား​လည်း​ဖြစ်၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​မည်​ဟု မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ၏​ဟု လွှတ်​တော်​ပေါ်​မှာ ကြွေး​ကြော်​လေ၏။-

ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ​ရှိ​သ​မျှ​တို့​သည် သေ​ခြင်း​မှ ထ​မြောက်​ကြ​လိမ့်​မည်​ဟူ၍၊ သူ​တို့​မျှော်​လင့်​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ မျှော်​လင့်​ပါ၏။-

ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​ရာ​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​သည် ဤ​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​ပါ၏​ဟု ပြော​ဆို​လျှင်၊-

တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​ခြင်း​မှ ထ​မြောက်​ခြင်း​တ​ရား​ကို ဟော​သော​ကြောင့်၊ ထို​မင်း​များ​တို့​သည် စိတ်​ပူ​ပန်​ခြင်း​ရှိ​သည်​နှင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ