Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 24:10

Judson Bible

မြို့​ဝန်​မင်း​သည် အ​မှတ်​ပေး၍၊ ပေါ​လု​သည် လျှောက်​ရ​သော အ​ခွင့်​ကို​ရ​လျှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို တာ​ရှည်​စွာ​အုပ်​စိုး​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ၍၊ သာ​ယာ​သော​စိတ်​နှင့် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို လျှောက်​ဝံ့​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ကို တ​ရား​ဇ​ရပ်​သို့​လည်း​ကောင်း၊ အ​ကဲ​အ​မှူး၊ မင်း​များ​ရှေ့​သို့​လည်း​ကောင်း၊ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။-

ကိုယ်​တော်​က အ​ချင်း​လူ၊ အ​ဘယ်​သူ​သည် သင်​တို့​အ​မှု​ကို စီ​ရင်​ခွဲ​ဝေ​ပိုင်​သော​အ​ခွင့်​ကို ငါ့​အား အပ်​ပေး​သ​နည်း​ဟု မေး​တော်​မူ၏။-

မြို့​တစ်​မြို့၌ ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော တ​ရား​သူ​ကြီး​တစ်​ယောက်​ရှိ၏။-

ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။-

ထို​အ​ခါ​ပေါ​လု​သည်​ထ၍ မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လျက်၊ ဣ​သ​ရေ​လ​လူ​မှ​စ၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-

သို့​မ​ဟုတ် စ​ကား​သော်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​ခြင်း​သော်​လည်း​ကောင်း၊ သင်​တို့၏ ဘာ​သာ​တ​ရား​သော်​လည်း​ကောင်း၊ သင်​တို့​သည်​အ​စီ​ရင်​ခံ​လျှင် ကိုယ်​အ​မှု​ကို စောင့်​ကြ​လော့။ ထို​သို့​သော အ​မှု​ကို​စီ​ရင်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု​ဆို​လျက်၊-

ယု​ဒ​လူ​တို့​သည် အာ​လေ​ဇ​န္ဒြု​ကို အ​ခွင့်​ပေး၍ သူ​တစ်​ပါး​တို့​သည် လူ​စု​ရှေ့​သို့ သွား​စေ​သ​ဖြင့်၊ သူ​သည် လက်​နှင့်​အ​မှတ်​ပေး၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လူ​များ​တို့​အား ပြော​ခြင်း​ငှာ အ​လို​ရှိ၏။-

စစ်​သူ​ကြီး​သည် အ​ခွင့်​ပေး​သ​ဖြင့်၊ ပေါ​လု​သည် လှေ​ကား​ပေါ်​မှာ​ရပ်၍ ထို​လူ​တို့​အား မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လေ၏။ သူ​တို့​သည် အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ​သော​အ​ခါ၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့်​မြွက်​ဆို​လျက်၊

ပေါ​လု​စီး​စ​ရာ​ဖို့ တိ​ရ​စ္ဆာန်​တို့​ကို​ပြင်၍ ပေး​ကြ။ သူ့​ကို ဖေ​လဇ်​မင်း​ထံ​သို့​ကြပ်​မ၍ ပို့​ကြ​ဟု​အ​မိန့်​ရှိ၏။-

ထို​အ​ခါ အ​ဂြိ​ပ္ပ​မင်း​က၊ သင်​သည်​ကိုယ်​အ​ဖို့​အ​လို​ငှာ ပြော​ရ​သော​အ​ခွင့်​ရှိ​သည်​ဟု ပေါ​လု​အား​ဆို​လျှင်၊ ပေါ​လု​သည် လက်​ကို​ဆန့်၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ဤ​သို့​ပြော၏။-

စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။-

လူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြစ်​မှား​လျှင်၊ တ​ရား​သူ​ကြီး စစ်​ကြော​စီ​ရင်​ရ၏။ လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​လျှင်၊ သူ့​အ​တွက် အ​ဘယ်​သူ တောင်း​ပန်​လိမ့်​မည်​နည်း​ဟု ဆုံး​မ​သော်​လည်း၊ သူ​တို့​သည် အ​ဘ၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကွပ်​မျက်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ