Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 23:9

Judson Bible

အော်​ဟစ်​သံ​များ၍၊ ဖာ​ရိ​ရှဲ​တို့​ဘက်၌​နေ​သော ကျမ်း​ဆ​ရာ​တို့​သည် ထ​လျက် ပြင်း​စွာ​ငြင်း​ခုံ၍၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ နာမ်​ဝိ​ညာဉ်​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​သော်​လည်း​ကောင်း သူ့​ကို​ပြော​လျှင်၊ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို မ​ဆန်​ကြ​နှင့်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။

ထို​အ​ခါ မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​သည် မ​ဟုတ်။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ငါ​တို့​အား​ဟော​ပြော​လေ​ပြီ​ဟု ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား ပြော​ဆို​ကြ၏။

ထို​သို့ အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ စား​တော်​မှု​သည်​ကို ကျမ်း​ပြု​ဆ​ရာ​ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ဤ​သူ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​သ​နည်း​ဟု တ​ပည့်​တော်​တို့​အား ဆို​ကြ၏။-

ပိ​လတ်​မင်း​က၊ ထို​သူ​သည် အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း။ သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ သူ၌​ငါ​မ​တွေ့။ ထို​ကြောင့် သူ့​ကို​ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု သုံး​ကြိမ်​မြောက်​အောင်​ဆို​လျှင်၊-

ပိ​လတ်​မင်း​က၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ဟု ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊-

ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က သင်​တို့​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-

ဝန်း​ရံ​လျက်​ရှိ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကြား​လျှင် မိုး​ချုန်း​သည်​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​မြွက်​သည်​ဟု ဆို​ကြ၏။-

သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​ငါ​တို့​အား ဘု​ရား​သ​ခင်​သည် ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့​အား​လည်း ပေး​တော်​မူ​သည်​ဖြစ်​သော​ကြောင့်၊ ငါ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်​ကို ဆီး​တား​နိုင်​သ​နည်း​ဟု ပေ​တ​ရု​ဆို၏။-

လမ်း၌​သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မွန်း​တည့်​အ​ချိန်​တွင် ကောင်း​ကင်​ထဲ​က ကြီး​သော​အ​လင်း​သည် အ​ကျွန်ုပ် ပတ်​လည်၌ ရုတ်​ခ​နဲ ထွန်း​တောက်​ပါ၏။-

အ​ကျွန်ုပ်​သည် မြေ​ပေါ်​မှာ​လဲ၍ နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့်​ငါ့​ကို ညှဉ်း​ဆဲ​သ​နည်း​ဟု အ​ကျွန်ုပ်​အား ပြော​သော​စ​ကား​သံ​ကို​ကြား​လျှင်၊-

အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း​ကို ခံ​ထိုက်​သော အ​ပြစ်​ကြောင့် အ​မှု​လုပ်​ကြ​သည်​မ​ဟုတ်​ဘဲ၊ သူ​တို့​တ​ရား​နှင့် စပ်​ဆိုင်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍​သာ အ​မှု​လုပ်​ကြ​သည်​ကို အ​ကျွန်ုပ်​သိ​မြင်​ပါ၏။-

ကွဲ​ပြား​သည်​အ​ကြောင်း​ကား၊ ဇ​ဒ္ဒု​ကဲ​တို့​က၊ ထ​မြောက်​ခြင်း​မ​ရှိ၊ ကောင်း​ကင်​တ​မန် မ​ရှိ၊ နာမ်​ဝိ​ညာဉ် မ​ရှိ​ဟု​ယူ​ကြ၏။ ဖာ​ရိ​ရှဲ​တို့​က၊ နှစ်​ပါး​စ​လုံး​ရှိ​သည်​ဟု ဝန်​ခံ​ကြ၏။-

သူ​သည် သေ​ထိုက်​သော အ​ပြစ်​မ​ပြု​ကြောင်း​ကို ကျွန်ုပ်​သိ​မြင်၍​လည်း​ကောင်း၊ သူ​သည်​ဘုန်း​ကြီး​တော်​မူ​သော ဘု​ရင်၏ အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​ဆို၍​လည်း​ကောင်း၊ သူ့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​စေ​ခြင်း​ငှာ ကျွန်ုပ်​စီ​ရင်၏။-

အ​ခြား​သို့​သွား​ပြီ​လျှင်၊ ဤ​သူ​သည် အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း ခံ​ထိုက်​သော​အ​မှု​ကို မ​ပြု​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ့​ကို​ပိုင်​တော်​မူ၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ယ​နေ့​ည​တွင် ငါ့​အ​နား​မှာ ပေါ်​လာ​လျက်၊-

ဘု​ရား​သ​ခင်၏​အ​ကြံ​အ​မှု​ဖြစ်​လျှင် သင်​တို့​သည် မ​ဖျက်​ဆီး​နိုင်​ကြ။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​မ​ဖြစ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့​ဟု ပြော​ဆို၏။-

ရှော​လု​သည် မြေ​ပေါ်​မှာ​လဲ၍​နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း​ဟု မိ​မိ​အား ပြော​သော​စ​ကား​သံ​ကို ကြား​လျှင်၊-

သ​ခင်​ဘု​ရား အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ ငါ​တို့ ပြု​ရ​ကြ​သ​လော။ ငါ​တို့​သည် သ​ခင်​ဘု​ရား​ထက်​သာ၍ တန်​ခိုး​ကြီး​ကြ​သ​လော။

ရှ​မွေ​လ​က​လည်း၊ သင်​တို့​သည် ငါ့​လက်၌ သူ​တစ်​ပါး၏​ဥ​စ္စာ​ကို ရှာ၍​မ​တွေ့​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို ခံ​သော​သူ​လည်း သက်​သေ​ဖြစ်၏​ဟု​ဆို​လျှင်၊ သူ​တို့​က၊ သက်​သေ​ဖြစ်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။

တစ်​ဖန်​လည်း၊ သင်​သည် ငါ့​ထက်​သာ၍ တ​ရား​စောင့်၏။ သင့်​အ​ကျိုး​ကို ငါ​ဖျက်​သော်​လည်း၊ သင်​သည် ငါ၌ အ​ကျိုး​ကျေး​ဇူး​ပြု​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ