Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 23:14

Judson Bible

ထို​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား၍၊ အ​ကျွန်ုပ်​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​မျက်​နှာ​အ​နေ​အ​ထား​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ၏။ မိ​မိ​ဒု​စ​ရိုက်​ကို မ​ဝှက်၊ သော​ဒုံ​မြို့​သား​ကဲ့​သို့ ထင်​ရှား​စွာ​ပြု​ကြ၏။ သူ​တို့​ဝိ​ညာဉ်၌ အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မ​ကောင်း​ကျိုး​ကို မိ​မိ​တို့၌​ဆပ်​ပေး​ကြ​ပြီ။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​တတ်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကြောင့်၊ လူ​တို့၌​ဖြစ်​သ​ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်၌ ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ကျင့်​များ​ကို ငါ​စစ်​ကြော၍၊ အ​သီး​အ​သီး ပြု​မူ​သ​မျှ​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​မည်။

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

မိုး​လင်း​သော​အ​ခါ ယု​ဒ​လူ​တို့​သည် သင်း​ဖွဲ့၍၊ ငါ​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ၏။-

ထို​သို့​သင်း​ဖွဲ့​သော သူ​တို့​သည် လေး​ကျိပ်​မ​က ရှိ​ကြ၏။-

လု​လင်​က​လည်း၊ ကိုယ်​တော်​သည် နက်​ဖြန်​နေ့၌ ပေါ​လု​ကို လွှတ်​တော်​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ယု​ဒ​လူ​တို့​သည် သူ့​ကို​သာ၍ စေ့​စေ့​မေး​မြန်း​မည်​အ​ဟန်​ပြု၍၊ ကိုယ်​တော်​ကို တောင်း​လျှောက်​မည်​ဟု တိုင်​ပင် ညှိ​ညွှတ်​ကြ​ပါ​ပြီ။-

သို့​ရာ​တွင် သူ​တို့၏ အ​လို​သို့​မ​လိုက်​ပါ​နှင့်။ ပေါ​လု​ကို​မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​သော ယု​ဒ​လူ​လေး​ကျိပ်​မ​က၊ လမ်း​နား၌ ပေါ​လု​ကို​ချောင်း၍ နေ​ကြ​ပါ၏။ ယ​ခု​ပင် ကိုယ်​တော်​ဝန်​ခံ​မည့်​စ​ကား​ကို ထို​သူ​တို့​သည် ဆိုင်း​လင့်၍ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ