တမန်တော်ဝတ္ထု 23:12Judson Bibleမိုးလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကို မသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။- အခန်းကိုကြည့်ပါ။ |
အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှာ၊ အသီးအကင်းနှင့်တကွ အပင်ကိုရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏နေရာမှ သူ့ကို ပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တစ်ဖက်၌ မကောင်းသောအကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍ သွန်းလောင်းရာ ပူဇော်သကာပြုခြင်းငှာ၊ သစ္စာကတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ်နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာကတိကို ဆက်ဆက်စောင့်၍၊ သစ္စာကတိထားသည်အတိုင်း ပြုကြလိမ့်မည်။
သို့ရာတွင် သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလုကိုမသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟု လျှောက်လေ၏။
ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ။-