အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကိုမြင်၍ ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း၊ အကျွန်ုပ်အားပြောသောသူ၏ စကားသံကို မကြားမသိရကြ။-
ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတစ်ယောက်တည်း မြင်ရ၏။ ငါနှင့်အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့် ပုန်းရှောင်၍ နေခြင်းငှာ ပြေးကြ၏။
နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည်၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့်အချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည်။ အရှင်မင်းကြီး။-
ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက် ရပ်နေကြ၏။-