လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။-
ညအခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့တိုင်အောင်လိုက်ပြန်လေ၏။
အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။
ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကိုထားသဖြင့်၊ ရှုရိလူတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားစောင့်မတော်မူ၏။
လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည်လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော်မူလတ္တံ့။
သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။-
အကျွန်ုပ်သည် မြေပေါ်မှာလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင်၊-
အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌နေသော ကျမ်းဆရာတို့သည် ထလျက် ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နာမ်ဝိညာဉ်သော်လည်းကောင်း၊ ကောင်းကင်တမန်သော်လည်းကောင်း သူ့ကိုပြောလျှင်၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။-
နောက်ဆုံး၌ အချိန်မတော်မတန် ဖွားသောသူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။-
လက်ယာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သောနေကဲ့သို့ ဖြစ်၏။